M592E448KC592MT592

ချိုမြိန်ငြိမ်သက်ခြင်းနှင့် ယုံကြည်ခြင်း တိုးပွားရန်

ဆက်ကပ်အပ်နှံခြင်း- အားလုံးယဇ်ပလ္လင်ပေါ်

21

Verse 1

ချိုမြိန်ငြိမ်သက်ခြင်းနှင့် ယုံကြည်ခြင်း တိုးပွားရန်

တောင့်တခြင်းဖြင့် စိတ်ထက်သန် ဆုတောင်း၊

သို့သော် ငြိမ်သက်မရှိ၊ ကောင်းချီးပြည့်ဝ မရ

ရာခပ်သိမ်းကို ယဇ်ပလလင်ပေါ် ထား။

chorus

အရာအားလုံး ယဇ်ပလလင်ပေါ် ထားရှိပြီလော

စိတ်နှလုံး ဝိညာဉ်တော် အုပ်စိုး

သင်၏ခန္ဓာ၊ စိတ်ကို ထံတော်သို့ ပေးအပ်လျှင်

ကောင်းချီးခံရကာ၊ ငြိမ်သက် နားခို။

Verse 2

နှုတ်တော်အလင်းထဲ၌ သခင်နှင့်တူ လျှောက်ကာ

ငြိမ်သက်ခြင်းနှင့် ကျေနပ်မှုရမည်

ချိုမြိန်အလိုတော်ကို စိုးရိမ်မရှိ လုပ်ဆောင်

သင်သည် ယဇ်ပလလင်၌ နေရမည်။

chorus

အရာအားလုံး ယဇ်ပလလင်ပေါ် ထားရှိပြီလော

စိတ်နှလုံး ဝိညာဉ်တော် အုပ်စိုး

သင်၏ခန္ဓာ၊ စိတ်ကို ထံတော်သို့ ပေးအပ်လျှင်

ကောင်းချီးခံရကာ၊ ငြိမ်သက် နားခို။

Verse 3

ကျွနု်ပ်တို့တောင်းလျှောက်သော သခင့် ကောင်းချီးများကို

ပေးအပ်ခံရရန် မသိနိုင်ပါ

ခန္ဓာနှင့် စိတ်တို့ကို ကိုယ်တော်လုံးလုံး အုပ်စိုး

ယဇ်ပလလင်ပေါ် ခပ်သိမ်းအပ်နှံထား။

chorus

အရာအားလုံး ယဇ်ပလလင်ပေါ် ထားရှိပြီလော

စိတ်နှလုံး ဝိညာဉ်တော် အုပ်စိုး

သင်၏ခန္ဓာ၊ စိတ်ကို ထံတော်သို့ ပေးအပ်လျှင်

ကောင်းချီးခံရကာ၊ ငြိမ်သက် နားခို။

Verse 4

ထက်ရပ်မှပေးအပ်မည့် မေတ္တာတော် မည်သူသိ

စိတ်နှလုံး မည်မျှ ရွှင်လန်းစေမည်၊

ခြေတော်ရင်း၌မျှဝေ ချိုမြိန် မိတ်သဟာယ

ရာခပ်သိမ်း ယဇ်ပလလင်ပေါ်အပ်နှံ။

chorus

အရာအားလုံး ယဇ်ပလလင်ပေါ် ထားရှိပြီလော

စိတ်နှလုံး ဝိညာဉ်တော် အုပ်စိုး

သင်၏ခန္ဓာ၊ စိတ်ကို ထံတော်သို့ ပေးအပ်လျှင်

ကောင်းချီးခံရကာ၊ ငြိမ်သက် နားခို။

Hymn details

Key: D Major

Audio