M58E57KC58MT58

ခမည်းတော်၏ပုံသဏ္ဌာန်တော်

သခင်ဘုရားကိုချီးမွမ်းခြင်း - ဘုရားဇာတိ

21

Verse 1

ခမည်းတော်၏ပုံသဏ္ဌာန်တော်

ကိုယ်တော်၌ မြင်ရကြ

ဘုရားဇာတိတော်ပြည့်ဝခြင်း

ကိုယ်တော်၌ ကိန်းဝပ်တည်။

Verse 2

ဘုရားရှင်၏နှုတ်တော်ကိုယ်တော်

ကိုယ်တော်၌ ဘုရားသက်

ကိုယ်တော်၌ စစ်မှန်ခြင်းလုံးစုံ

ကျေးဇူးတော်လက်ခံရ။

Verse 3

ဘုရားရှင်၏ဘုန်းရောင်ခြည်တော်

ဘုရား၏သားတော်ဖြစ်

ဘုရား၏ဒြပ်သဘာဝများ

ကိုယ်တော်၌ ဝန်ခံကြ။

Verse 4

ဘုရားရှင်၏ကိုယ်ထင်ရှားခြင်း

ကိုယ်တော်ပင် ဖြစ်မူ၏

ကျွန်ုပ်တို့ထံ ထင်ရှားမူပြီ

နှိုင်းယှဉ်ရာမဲ့ကိုယ်တော်။

Verse 5

ကိုယ်တော်ရှင်၌ ဘုရားမွေ့လျော်

အသက်နှင့်ရာခပ်သိမ်း

ကိုယ်တော်နှင့်ဘုရား-ကျေးဇူးတင်

အစဉ်ချီးမွမ်းပါ၏။

Hymn details

စာသား: Witness Lee

သံစဉ်: George Nelson Allen

Meter: 8.6.8.6.

Key: Ab Major

Time: 3/4

Audio