ဘုရား၏သက်သေခံ ကိုယ်တော်
သခင်ဘုရားကို ချီးမွမ်းခြင်း- အရာအားလုံးပါဝင်ခြင်း
Verse 1
ဘုရား၏သက်သေခံ ကိုယ်တော်
ပညတ်ထက် သာလွန်ပေ
ရေးထွင်းထားသော ပညတ်ချက်၌
ကိုယ်တော်ကို မြင်ရပြီ
ပညတ်တရား အဓိပ္ပာယ်၌
ဘုရားကို ဖော်ပြလေ
ကိုယ်တော်သည် ဘုရားစစ်မှန်ခြင်း
ကိုယ်တော်၌ ဘုရားတည်။
Verse 2
သက်သေခံချက် သေတ္တာတော်သည်
ကိုယ်တော့် ပုံဆောင်ချက်ဖြစ်
ဘုရား၏တရားတော် ရေးသား
ကိုယ်တော်၌ ဘုရားမြင်
သေတ္တာတော်သည် သစ်သားဖြစ်လေ
ရွှေဖြင့် သုတ်လိမ်းထားလေ
လူအဖြစ် ကိုယ်တော်ကို ပုံဆောင်
ဘုရားပြည့်ဝကိုင်စွဲ။
Verse 3
ကိုယ်တော်သည် တဲတော်လည်းဖြစ်မူ
ဘုရား၏ကိန်းဝပ်ရာ
အသွေးသား၌ လူ့ဇာတိခံ
စစ်မှန်၊ ကျေးဇူးနှင့်ပြည့်
ဘုရားဘုန်းကို ရှုမြင်ကြရ
ဘုရားနှုတ်ကပတ်တော်
မေတ္တာတော်နှင့် အလင်းထွန်းလင်း
ဘုရားအသက်ဖော်ပြ။
Verse 4
ဗိမာန်တော်သည် ကိုယ်တော့် ပုံဆောင်
ဘုရား၏ အိမ်တော်ဖြစ်
ကိုယ်တော်၌ ဘုရားကိန်းဝပ်ကာ
ကိုယ်တော့်ပြည့်ဝဝေမျှ
စာတန်အားဖြင့် ဖျက်ဆီးခံကာ
လူသေနှင့် ရေတွက်ခံ
ကိုယ်တော် ရှင်ပြန်ထမြောက်ခြင်း၌
ကြီးမား လူသစ်တည်ဆောက်။
Verse 5
မြို့တော်သည် ကိုယ်တော့်ပြည့်ဝခြင်း
သတို့သမီးပုံဆောင်
ကိုယ်တော့်တိုးပွားခြင်း ပြည့်ဝကာ
ထိုရပ်၌ ကိုယ်တော်တည်
ကိုယ်တော်၌ ဘုရား အလင်းရှိ
မီးခွက်၌ ထွန်းလင်းနေ
ကိုယ်တော်အားဖြင့် ဘုရားထွန်းလင်း
ကိုယ်တော့် ဘုန်းတော်ထင်ရှား။
Verse 6
တဲတော်နှင့် ပဋိညာဉ်သေတ္တာ
ပညတ်တော်ကို သိမ်းထား
ဗိမာန်တော်နှင့် မြို့တော်သည်လည်း
ကိုယ်တော်ကိုယ်တိုင်ဖြစ်လေ
အဝန်းဝိုင်းနှင့် အတွင်းဘီးဖြစ်
ကိုယ်တော်သည် ရာအားလုံး
ကိုယ်တော်သည် ဘုရားနှင့် လူသား
စိတ်နှလုံး၌ ဖိုးထိုက်။
Hymn details
Key: D Major
Audio