M583E193KC583MT583

သခင် ကျွန်ုပ်တို့တွက် ကြွယ်ဝ

သခင်ဘုရားကို ချီးမွမ်းခြင်း- အရာအားလုံးပါဝင်ခြင်း

21

Verse 1

သခင် ကျွန်ုပ်တို့တွက် ကြွယ်ဝ

ကိုယ်တော်သည် လုံးစုံဖြစ်

လိုအပ်သမျှ ကိုယ်တော်ဖြည့်ပေး

ကြီးငယ်အားလုံး ဖြည့်ပေး

စိတ်နှလုံးဖြင့် ကျေးဇူးတင်သည်

ဝိညာဉ်ဖြင့် ဝတ်ပြုမည်

ကိုယ်တော်ကို ကျေးဇူးတင် ချီးမွမ်း

ကြွယ်ဝခြင်းများ မြင်ရ။

Verse 2

ဘုရားချီးမြှောက် ပရောဖက်ဖြစ်

တန်ခိုးတော်ဖြင့် ဟောပြော

ကြံစည်တော် မောရှေထံ ဖွင့်ပြ

ဘုရားအလို ရှာရန်

ယောနကဲ့သို့ ဘုရားစေလွှတ်

သေခံ၍ သက်ရှင်ပြီ

သေခြင်း၊ အသက် လက္ခဏာဖြင့်

ကိုယ်တော်၌ ယုံကြည်ရ။

Verse 3

လူတို့ချီးမြှောက် ပရောဖက်ဖြစ်

တန်ခိုး၊ အလင်း ဟောပြော

ဧလိရှဲလို မေတ္တာဖြင့် ပြည့်

အံ့ဖွယ်နိမိတ်များစွာ

ဟေရှာယလို ကျေးဇူးပြည့်ဝ

ဘုရား၏ခရစ်တော်

ဤခရစ်တော် အားလုံးမျှဝေ

ကြွယ်ဝ၊ စစ်မှန် အသက်။

Verse 4

ဘုရားထံသို့ ယဇ်ပုရောဟိတ်

သန့်ရှင်းယဇ်ပုရောဟိတ်

ဘုရားခေါ်သော အာရုန်ကဲ့သို့

ကျွန်ုပ်တို့တွက် စေခံ

ဘုရားထံသို့ မေတ္တာ၌ ဆောင်

ယဇ်ပုရောဟိတ်မင်းကြီး

ချစ်ခြင်းဖြင့် ကြားခံတောင်းလျှောက်ပေး

ခွန်အားဖြင့် စောင့်ထိန်းပေး။

Verse 5

ဘုရားထံမှ ယဇ်ပုရောဟိတ်

တော်ဝင် ယဇ်ပုရောဟိတ်

ရှာလင်ဘုရင် မေလခိဇေဒက်

ဘုရား၏မှုဆောင်သူ

မုန့်နှင့့်စပျစ်ရည်ကို ယူဆောင်

အချိန်မီ မစရာ

ဘုရားနှင့်တူ ကြွလာခဲ့ပြီ

ကိုယ်တော်၌ မျှဝေရ။

Verse 6

ဒါဝိဒ်ကဲ့သို့ ရှင်ဘုရင်ဖြစ်

ဘုရားအလိုတော်ရှာ

စစ်ပွဲတိုက်ခိုက် အောင်မြင်ကျော်လွှား

ဘုရားစိတ်တော် ဖော်ပြ

ပလလင်တော်ပေါ် တန်ခိုးကြီးမား

လူ၏အခွင့်မဟုတ်

ဘုရားဆိုင်ရာ အာဏာတော်ဖြင့်

ဘုရားအတွက် စိုးစံ။

Verse 7

ရှောလမုန်ကဲ့သို့ ရှင်ဘုရင်

ငြိမ်သက်ခြင်းဖြင့် အုပ်စိုး

ပညာ၊ တန်ခိုးတော်ဖြင့် စိုးစံ

ဘုရားအိမ်တော် တည်ဆောက်

ဘုရင်အဖြစ် ကိုယ်တော်စိုးစံ

သန့်ရှင်းသူများအပေါ်

တစ်နေ့ ကျွန်ုပ်တို့နှင့် စိုးစံ

ဘုရင်အရာ ထင်ရှား။

Verse 8

ဘုရင်၊ ပုရောဟိတ်၊ ပရောဖက်

မည်မျှဖိုးထိုက် ကိုယ်တော်

လူနှင့် ဘုရားထံ ဖိုးထိုက်လှ

မေတ္တာဖြင့် သစ္စာပြု

ကိုယ်တော်ကို မည်မျှတန်ဖိုးထား

စိတ်နှလုံးဆွဲဆောင်ခံ

ကိုယ်တော်ကို ကျေးဇူးတင် ချီးမွမ်း

ထာဝရကာလတိုင်။

Hymn details

Key: G Major

Audio