M585E195KC585MT585

သခင်၊ ပူဇော်သက္ကာ ဖြစ်

သခင်ဘုရားကို ချီးမွမ်းခြင်း- အရာအားလုံးပါဝင်ခြင်း

21

Verse 1

သခင်၊ ပူဇော်သက္ကာ ဖြစ်

ဘုရား ပြင်ဆင်မူပြီ

အဓိပ္ပါယ်၌ လွန်ကြွယ်ဝ

ချိုမြိန်၊ ဘုန်းတော်ပြည့်စုံ

ဘုရားကြံစည် ပြည့်စုံစေ

နှလုံးတော်ဆန္ဒ တွေ့

ကျွန်ုပ်အား ကျေနပ်စေပြီ

လိုအပ်ရာ ဖြည့်ဆည်းပေး။

Verse 2

မီးရှို့ရာပူဇော်ခြင်းဖြစ်

သန့်ရှင်းမီးဖြင့် လောင်ကျွမ်း

ဘုရားဖို့ ချိုမြိန် နံ့သာ

ကိုယ်တော့် စိတ်တော် ပြည့်စုံ

ဘုရား မျက်မှောက်၌ လျှောက်လှမ်း

ကိုယ်တော် အလို ရှာဖွေ

အညစ်ကြေးကင်း ပူဇော်ခြင်း

ကျွန်ုပ်တို့တွက် အစာ။

Verse 3

ဘောဇဉ်-ပူဇော်သက္ကာဖြစ်

ဆီနှင့် လောဗန်အတူ

သန့်ရှင်း၊ ကောင်းမွန်းကာ ပြည့်စုံ

ခံစားမှုတိုင်း ချိုမြိန်

သင့်တင်ရာ ပူဇော်သက္ကာ

ကျွနု်ပ်တို့ ငြိမ်းချမ်းစေ

ဘုရားနှင့်အတူ မျှဝေ

စားသောက်ရန် အစာဖြစ်။

Verse 4

အပြစ်-ပူဇော်သက္ကာဖြစ်

ကျွန်ုပ်တို့ အပြစ်တွက်

ရွေးနုတ်ခြင်းတွက် သေခြင်းဖြင့်

ဖိုးခပေး ဝယ်ယူခဲ့

လွန်ကျူးရာ-ပူဇော်သက္ကာ

အပြစ်အားလုံး ယူဆောင်

ဘုရားအလို ကျေနပ်ရန်

ခွင့်လွတ်ပေးခြင်း ဝေမျှ။

Verse 5

ချီလွှဲရာ-ပူဇော်သက္ကာ

ရှင်ပြန်ထမြောက်အရှင်

မရဏာ၊ သေခြင်း၊ မှောင်မိုက်ပေါ်

အောင်မြင်ခြင်းကို ပြသ

ချီမြှောက်ရာ-ပူဇော်သက္ကာ

တက်ကြွခဲ့သော ဘုရား

ကောင်းကင် နေရာများ၌ရှိ

သန့်ရှင်းသော အစာဖြစ်။

Hymn details

Key: C Major

Audio