M582E187KC582MT582

အို သခင်၊ အလွန် ကြွယ်ဝလှ

သခင်ဘုရားကို ချီးမွမ်းခြင်း- အရာအားလုံးပါဝင်ခြင်း

21

Verse 1

အို သခင်၊ အလွန် ကြွယ်ဝလှ

မေတ္တာတော်သည် တိုင်းဆမဲ့

စစ်၍မကုန် ကိုယ်တော့် ကြွယ်ဝခြင်း

ဝိညာဉ်၌ တန်ဖိုးထားရ။

Verse 2

နှုတ်ကပတ်တော် ဘုရားကိုယ်တိုင်

ဘုရားနှင့် အစမှတည်

သွေးသား၌ လူ့ဇာတိခံပြီ

ဘုရားကို အနက်ဖွင့်ပေး။

Verse 3

ကိုယ်တော်သည် တဲတော်ဖြစ်မူ၏

ကိုယ်တော်၌ ဘုရားဘုန်းတော်

ဘုရားတွက် ဗိမာန်တော်ဖြစ်

ဘုရားဖြစ်ခြင်း ကိုယ်တော်။

Verse 4

ဘုရား၏ တစ်ပါးတည်း သားတော်

ခမည်းတော်ကို ဖော်ပြပေး

ကျွန်ုပ်တို့ ဘုရားသက် ရရှိ

ဘုရားသဘာဝ မျှဝေ။

Verse 5

လူသားတော်လည်း ဖြစ်တော်မူ

လူ့ဇာတိကို မျှဝေသူ

ကျွနု်ပ်တို့ ဘုရားသား ဖြစ်ရန်

ကိုယ်တော့်အရပ်သို့ ကြီးထွား။

Verse 6

အားလုံး၏ သခင် ခရစ်တော်

ဘုရားအားဖြင့် ဘိသိက်ခံ

အားလုံး၌ အားလုံးဖြစ်အရှင်

ဘုရားနှင့်လူဖို့ ခန့်ထား။

Verse 7

ကားတိုင်တင်ခံ ကယ်တင်ရှင်ဖြစ်

အသွေးနှင့်ရေသည် စီးထွက်

ကျွန်ုပ်တို့ကို ဘုရားရွေးနုတ်

ဘုရားအသက်သည် ဝင်ရောက်။

Verse 8

ယခု ဘုန်းထင်ရှား ယေရှုဖြစ်

ဝိညာဉ်တော်သည် ဆင်းကြွလာ

အားလုံးပါဝင် ဝိညာဉ်တော်ကြွ

ကျွန်ုပ်တို့ မွေ့လျော်ရပြီ။

Verse 9

အသက်၏ အလင်းဖြစ်တော်မူ

မှောင်မိုက်၌ ထွန်းလင်းပေးပြီ

ဘုရားဖြင့် ထွန်းတောက်သော အလင်း

စိတ်နှလုံးများ၌ ပြည့်ဝ။

Verse 10

ဘုရားအသက် ကိုယ်တော်ဖြစ်မူ

ကျွန်ုပ်တို့ဝိညာဉ် ရှင်သန်

သေခြင်းမှ ခေါ်ထုတ်ပေး အသက်

ကျွန်ုပ်တို့ကို ခွန်အားပေး။

Verse 11

ဘုရား၏ စစ်မှန်ခြင်း ကိုယ်တော်

ဘုရားအလိုကို ဖြည့်ပေး

ကိုယ်တော်တိုင်ကို ယူဆောင်လာပေး

ကိုယ်တော့်ပမာဏ သိရန်။

Verse 12

အသက်၏လမ်းလည်း ဖြစ်တော်မူ

ဘုန်းတော်သို့ ခေါ်ဆောင်ပေးနေ

စစ်မှန်ခြင်း၏ ထိုလမ်းတော်သည်

အောင်မြင်ခြင်းသို့ မြှင့်တင်ပေး။

Verse 13

ရှင်ပြန်ထမြောက်ခြင်းလည်းဖြစ်မူ

သေခြင်းကို ဝါးမျို အသက်

ထမြောက်ခြင်း တန်ခိုးတော်အားဖြင့်

ကားတိုင်ထမ်း၍၊ နောက်တော်လိုက်။

Verse 14

ဘုရား၏ ပြစ်မဲ့ သိုးသငယ်

ရွေးနုတ်ခြင်းတွက် သေခံမူ

ဝိညာဉ်တော်ပေးသူလည်း ဖြစ်မူ

အသစ်တစ်ဖန် မွေးဖွားစေ။

Verse 15

ကြေးဝေါမြွေရုပ်လည်း ဖြစ်တော်မူ

ဆိုးညစ်မှုမှ ကယ်တင်ပေး

သစ်တိုင်ပေါ်မှာ မြှောက်ထားခံကာ

မာရ်နတ်ကို နင်းချေတော်မူပြီ။

Verse 16

သိုးထိန်းနှင့် တံခါးလည်းဖြစ်မူ

သိုးခြံကို စွန့်ခွာစေပြီ

ကိုယ်တော်၌ လွတ်လပ်မှု ရရှိ

စားကျက်မြေကို မျှဝေရ။

Verse 17

ဆေးကြောခြင်းဖြင့် သန့်ရှင်းစေပြီ

အင်တုံကဲ့သို့ လုပ်ဆောင်ပေး

မိတ်သဟာယ၌ စောင့်ထိန်းခံ

ကိုယ်တော်ကို ပါဝင်ဆက်ဆံ။

Verse 18

ကောင်းကင်ဆိုင်ရာ ရိုက်ခြင်းခံကျောက်

ထိုမှ သက်ရေ စီးဆင်းလာ

လန်းဆန်းစေ စမ်းရေကို သောက်သုံး

ဆာငတ်ပြေစေသော တန်ခိုး။

Verse 19

ကောင်းကင်ဆိုင်ရာ ရေတွင်းလည်းဖြစ်

အသက်ရေ အမြဲစီးထွက်

ထာဝရအသက် သောက်သုံးကာ

ဆာငတ်ခြင်းနှင့် အစဉ်ကင်း။

Verse 20

ကောင်းကင်မှ အသက်မုန့်လည်းဖြစ်

ဘုရားဆိုင်ရာအစာဖြစ်

ပေါများလှသည့် ကြွယ်ဝခြင်းများ

ဝိညာဉ်များကို ကျွေးမွေးပြီ။

Verse 21

ကျွန်ုပ်တို့ရှူရာ အသက်လေ

ဝိညာဉ်၌ ရှူသွင်းရကြ

ကိုယ်တော်ဖြင့် သက်ရှင်ကာ၊ လျှောက်လှမ်း

ကြွယ်ဝခြင်းများ အမွေခံ။

Verse 22

ဘုရားဆိုင်ရာ ဂျုံမျိုးစေ့ဖြစ်

သေခံ၍ ထမြောက်ဘုန်းထင်

မျိုးစေ့များစွာ မွေးထုတ်ပေးကာ

ဘုန်းထင်ရှား ခန္ဓာတော်တည်။

Verse 23

မှန်သော ကောင်းကင် စပျစ်နွယ်ပင်

ကျွန်ုပ်တို့ ကိုင်းခက်များဖြစ်

ကိုယ်တော်နှင့် ကျွန်ုပ် ပြန်လှန်တည်

ကိုယ်တော် ကြွယ်ဝခြင်း မျှဝေ

Verse 24

အထက်မှ သတို့သားဖြစ်မူ

သတို့သမီး ရယူရန်

ကိုယ်တော်နှင့် တစ်လုံးတစ်ဝဖြစ်

အသက်၊ ချစ်ခြင်း၊ ဘုန်းတော်၌။

Verse 25

ယာကုပ်မြင်သော လှေကားဖြစ်မူ

ကိုယ်တော်၌ ကောင်းကင်ဖွင့်လှစ်

ကိုယ်တော်၌ ဘုရားအိမ်တော်ဖြစ်

မြေကြီးနှင့် ကောင်းကင် ဆက်နွှယ်။

Verse 26

ကိုယ်တော်သည် ''ငါဖြစ်သောအရှင်''

လိုအပ်ရာအားလုံး ဖြည့်ပေး

အလုံးစုံ၌ အလုံးစုံဖြစ်

ဘုရားကြံစည် ပြည့်စုံစေ။

Hymn details

Key: G Major

Audio