ကိုယ်တော်သည် ချစ်ဖွယ်သတို့သား
သခင်ဘုရားကို ချီးမွမ်းခြင်း- နိုင်ငံတော်
Verse 1
ကိုယ်တော်သည် ချစ်ဖွယ်သတို့သား
ဘုရားဘိသိက် ခံရပြီ
လှပတင့်တယ်လျက်ရှိနေပြီ
ကျွန်ုပ်တို့တွက် လှပဆုံး။
Verse 2
ကိုယ်တော်ကို မြတ်နိုးလျက်ရှိပြီ
ကြီးမြတ်ဆုံး နာမတော်ကို
ကျွန်ုပ်တန်ဖိုးရှိစွာထားပြီ
ကိုယ်တော်မေတ္တာ လေးစားဖွယ်။
Verse 3
လှပသထက် အလှပဆုံး
ချိုသာသထက် ချိုသာဆုံး
နှိမ့်ချခြင်းနှင့် အမွန်မြတ်ဆုံး
ကိုယ်တော်နှင့် နှိုင်းလို့မရ။
Verse 4
ကိုယ်တော်၏ ဖြူစင်သောဝတ်လုံ
ကျေးဇူးတော် ကြွယ်ဝ နှုတ်တော်
နာကျင်စွာ ခံစား၍ကယ်တင်
မေတ္တာဖြင့် ကျွန်ုပ်ပွေ့ဖက်။
Verse 5
ဝမ်းမြောက်ခြင်း၏ ဘိသိက်ဆီဖြင့်
ဘုရားသည် ဘိသိက်ပေးပြီ
ထည်ဝါသော ဆင်စွယ်နန်းတော်မှ
ဝမ်းမြောက်ခြင်းနှင့် ချီးမွမ်းပြီ။
Verse 6
ကိုယ်တော်သည် ကောင်းကြီးခံရပြီ
အောင်မြင်မှုကို ရခဲ့ပြီ
ပလလင်ပေါ်၌ ဘုန်းထင်ရှားပြီ
တန်ခိုးတော်ဖြင့် ခန့်ညားပြီ။
Verse 7
တိုင်းနိုင်ငံများ၏ တောင့်တရာ
ဖိုးထိုက်ခြင်းကို သက်သေထူ
ထောင်ပေါင်းများစွာ၏ ခေါင်းဆောင်ဖြစ်
ဖိုးထိုက်ဆုံး ချစ်ဖွယ်အရှင်။
Hymn details
Key: C Major
Audio