M57E56KC57MT57

ချစ်သခင်သည် နှုတ်ကပတ်တော်

သခင်ဘုရားကိုချီးမွမ်းခြင်း - ဘုရားဇာတိ

21

Verse 1

ချစ်သခင်သည် နှုတ်ကပတ်တော်

ဘုရားသားတော်စင်စစ်

သန့်ရှင်း၊ စစ်မှန်၊ သဏ္ဌာန်တော်တူ

ကိုယ်တော်နှင့်ထာဝရ။

Verse 2

ကိုယ်တော်သည် ဘုရားသခင်ဖြစ်

ဘုရား၏ကိုယ်ထင်ရှား

ကိုယ်တော်၌ ဘုရားထင်ရှားပြီ

ဘုရားကို မြင်ရပြီ။

Verse 3

ကိုယ်တော်သည် ဘုရား၏ဘုန်းတော်

ကျွန်ုပ်တို့ပေါ် ထွန်းလင်း

ကိုယ်တော်၏ကိုယ်ထည်ထင်ရှားခြင်း

ကျွန်ုပ်တို့ထံစစ်မှန်။

Verse 4

ကိုယ်တော်၌ ဘုရားအသက်ရှိ

ဘုရား၏အလင်းရှိ

ဘုရားဖြစ်ခြင်းအစဉ်မွေ့လျော်

ကိုယ်တော်နှင့်ပေါင်းစည်းရ။

Verse 5

ကိုယ်တော်၌ ကျေးဇူးတော်တည်ရှိ

ဘုရားကို ဝမ်းမြောက်ရ

ကိုယ်တော်၌ သမ္မာတရားတွေ့

စစ်မှန်ခြင်းလုံးလုံးပြည့်။

Verse 6

ကိုယ်တော်၌ ဘုရားပြည့်ရရှိ

ကျေးဇူးတော်ဖြည့်ခံရ

ဘုရားနှင့်ရောနှောပေါင်းစည်းရာ

တစ်လုံးတစ်ဝရှိပြီ။

Verse 7

ဘုရားကို ကျွန်ုပ်တို့ဝတ်ပြု

ကိုယ်တော်၌ ရာအားလုံး

ကိုယ်တော့်ကို တန်ဖိုးထားလေးမြတ်

နာမတော်ကို ခေါ်ဆို။

Hymn details

စာသား: Witness Lee

သံစဉ်: George Nelson Allen

Meter: 8.6.8.6.

Key: Ab Major

Time: 3/4

Audio