M578E133KC578MT578

သခင်ယေရှု သခင်ရှင်ဖြစ်

သခင်ဘုရားကို ချီးမွမ်းခြင်း- ဘုန်းတော်

21

Verse 1

သခင်ယေရှု သခင်ရှင်ဖြစ်

ဘုန်းတော်ဖြင့် ပတ်ရစ်ခံ

တန်ခိုးတော်နှင့် မြင့်မြတ်ခြင်း၌

ကိုယ်တော်သည် ထင်ရှားလှ။

Verse 2

လူ၌ဘုရား၊ မြေကြီးပေါ်မှာ

ကျွန်သဏ္ဌာန် ယူဆောင်ကာ

ဘုရား၌လူ ကောင်းကင်ဘုံမှာ

အားလုံး၏ သခင်ရှင်။

Verse 3

ဘုန်းတော်၌ရှိ လူသားဖြစ်မူ

ဘုရားအားဖြင့် ချီးမြောက်

ကောင်းကင်၊ မြေကြီး တန်ခိုးအားလုံး

ယခု ကိုယ်တော်ပိုင်မူ။

Verse 4

ကောင်းကင်များသို့ ချီးမြောက်ခံရ

မြင့်ဆုံးနာမ ရရှိ

သခင်ဖြစ်ကြောင်း အားလုံးဝန်ခံ

နာမအောက်၌ ဒူးထောက်။

Verse 5

သခင်နှင့် ခရစ် ဖြစ်စေပြီ

ဝိညာဉ်တော်သည် ကြွေးကြော်

ဘုန်းတော်နှင့် ကောင်းကင်၌ မြင်ရ

ဘုရားပလလင်တော်၌။

Verse 6

ဘုန်းကြီးသခင် လေးမြတ်လှသည်

သီချင်းဆို၍ ချီးမွမ်း

သခင်ရှင်ဖြစ် ကိုးကွယ်ကြမည်

ချီးမွမ်းရန် ထိုက်တန်လှ။

Hymn details

Key: G Major

Audio