သခင်၊ ဘုရား ဘိသိက်ခံ
သခင်ဘုရားကို ချီးမွမ်းခြင်း- နိုင်ငံတော်
Verse 1
သခင်၊ ဘုရား ဘိသိက်ခံ
ဘုရင်တကာ့ ဘုရင်
တင့်တယ်လှပခြင်း ပြည့်ဝ
ကိုယ်တော်ထံ သီချင်းဆို
နိုင်ငံတော် စဉ်ဆက်တည်မြဲ
ပလလင်တော် တည်မြဲပြီ
ချစ်ခြင်း၊ ဖြောင့်မတ်ခြင်း စိုးစံ
ဘုန်းတော်၌သာ ရပ်တည်။
Verse 2
ဇိအုန်တောင်ပေါ်မှာ ကိုယ်တော်
ဘုရားတည်စေမူပြီ
တိုင်းနိုင်ငံအားလုံးတို့သည်
ကိုယ်တော်အမွေတော်ဖြစ်
ကိုယ်တော်ထံ ဘုရားအပ်နှံ
ပြည့်ဝ အခွင့်အာဏာ
လူမျိုးတို့ကို အုပ်စိုးကာ
ထာဝရ ကာလတိုင်။
Verse 3
အချိန်မပြည့်စုံမီတွင်
မှောင်မိုက်ဖုံးလွှမ်းလျက်နေ
ထောင်သောင်းတို့သည် နေ့စဉ်တိုင်း
ဝမ်းမြောက်လျက် ကြွေးကြော်ကြ
မြေကြီးစွန်းမှလူအားလုံး
ချီးမွမ်းသီချင်းဆိုကြ
ကိုးကွယ်၊ ချစ်ကာ၊ အစေခံ
ကယ်တင်ရှင် ဘုရင်ထံ။
Verse 4
အချိန်ခါရောက်လာသောခါ
ဘုန်းတော်ဖြင့် ကိုယ်တော်ကြွ
မြေကြီးပေါ် လူမျိုးအားလုံး
ကိုယ်တော်နိုင်ငံဖြစ်လာ
ဘုန်းတော်နှင့် ထည်ဝါခြင်း၌
ကိုယ်တော်သည် ရှင်ဘုရင်
လူမျိုး ပေါက်ဖော်များအားလုံး
ကိုယ်တော်ကို ချီးမွမ်းကြ။
Hymn details
Key: C Major
Audio