သခင်ရှင်၊ နာမ "ငါဖြစ်သည်"
သခင်ဘုရားကို ချီးမွမ်းခြင်း- နာမတော်
Verse 1
သခင်ရှင်၊ နာမ "ငါဖြစ်သည်"
ဖိုးထိုက်နာမ ကြွယ်ဝ ပြည့်စုံ
အားလုံးပါဝင်၊ သစ္စာရှိမူ
ကိုယ်တော်သာ လိုအပ်။
Verse 2
သားတော်၌ ခမည်းတော် ရှိမူ
ဝိညာဉ်တော် ကျွန်ုပ်၌ ကိန်းဝပ်
ကိုယ်တော်တိုင်၏ ကြွယ်ဝခြင်းများ
တွေ့ကြုံခံစားရ။
Verse 3
ဘုရားကိန်းဝပ်ရာ ဗိမာန်တော်
ခမည်းတော်အသက်ကို ဖော်ပြ
ကိုယ်တော်၌ ဝမ်းမြောက်ခြင်း ပြည့်လျှံ
မျက်နှာတော်မြင်ရ။
Verse 4
သိုးသငယ်၊ သတို့သားဖြစ်
သတို့သမီးတွက် ပြစ်ကြွေးခံ
ကိုယ်စားနာကျင်၊ ကားတိုင်တင်ခံ
ကျွန်ုပ်တို့ နားခို။
Verse 5
ပညာနှင့် လမ်းခရီး သခင်
ကျွန်ုပ်တို့ နေ့စဉ် သက်ရှင်ရာ
ကျေးဇူးတော်ကို ယူဆောင်လာပေး
လမ်းတော်သို့ လျှောက်စေ။
Verse 6
စင်ကြယ် သန့်ရှင်း ဖြောင့်မတ် အရှင်
ဘုရားနှလုံးတော် ကျေနပ်စေ
ကျွန်ုပ်တို့ထံ ဖြည့်ပေးခြင်းပြု
ဘုရားနှင့် သင့်မြတ်။
Verse 7
သခင်သည် အသက်နှင့် အလင်း
သေခြင်းနှင့် မှောင်မိုက် ပျောက်ကွယ်စေ
ရှင်သန်စေ၍၊ မျက်စိမြင်စေ
ကျွန်ုပ်တို့ လွတ်မြောက်။
Verse 8
ရှင်ပြန်ထမြောက်ခြင်း တန်ခိုးဖြစ်
ငရဲ၏ အချိန်ကို အောင်နိုင်
ကျွန်ုပ်တို့ကို ခွန်အားပေးမူ
ခပ်သိမ်းပေါ် စိုးစံ။
Verse 9
အသက်ရေ၊ မစရာ အစာ
ကိုယ်တော်တိုင်သည် သေခံပေးမူ
ကျွန်ုပ်တို့လိုအပ်ရာ ဖြည့်ပေး
ကိုယ်တော်၌ ပွဲခံ။
Verse 10
သိုးထိန်းနှင့် သမားတော်လည်းဖြစ်
ကျွပ်တို့အနာ ငြိမ်းစေမူ
နှစ်သိမ့်၊ လမ်းညွန်၊ ကွယ်ကာပေးပြီ
ဂရုစိုက်ပေးမူ။
Verse 11
ယဇ်ပုရောဟိတ်၊ ဘုရင်ဖြစ်ကာ
ဘုရားထဲသို့ ပို့ဆောင်ပေးမူ
အခွင့်အာဏာတော် မျှဝေရ
ချီးမြောက်ခံ နေရာ။
Verse 12
မျှော်လင့်ခြင်းနှင့် ရွေးနုတ်ခြင်းဖြစ်
ဖန်ဆင်းခြင်းဟောင်းကို ပြောင်းလဲစေ
ကိုယ်တော်၏ပုံတူပွားဖြစ်စေ
ကိုယ်တော်တိုင် ထင်ရှား။
Verse 13
ဝမ်းမြောက်၊ ငြိမ်သက်၊ ဘုန်းထင်ရှားရာ
စစ်မှန်၊ ကျေးဇူး၊ ကျောက်၊ အသက်ပင်
အိမ်တော်၊ တောင်၊ နေနှင့် ကွယ်ကာရာ
ဖော်ပြ၍မကုန်။
Verse 14
ထာဝရ ကန့်သတ်မဲ့ အရှင်
ပြည့်ဝ၊ စုံလင်၊ ကြွယ်ဝတော်မူ
လိုအပ်ရာကို ပြည့်စုံစေပြီ
လျှံထွက်စီးဆင်းပြီ။
Hymn details
Key: G Major
Audio