ယေရှု၏နာမ၌
သခင်ဘုရားကို ချီးမွမ်းခြင်း- နာမတော်
Verse 1
ယေရှု၏နာမ၌
လူတိုင်းဒူးထောက်ရာ
နှုတ်ဖြင့်အားလုံးဝန်ခံ
ရှင်ဘုရင်ဘုန်းတော်
ခမည်းတော် ကျေနပ်ရာ
သခင်ဟု ခေါ်ဆို
အစဦးသူလည်းဖြစ်
နှုတ်ကပတ်လည်းဖြစ်။
Verse 2
အသံတော်ဖြင့်ဖန်ဆင်း
ဖြစ်ပေါ်တည်ရှိလာ
ကောင်းကင်တမန်ရှေ့
အလင်းသား အားလုံး
အုပ်စိုးအာဏာစက်များ
ကြယ်များအားလုံးနှင့်
ကောင်းကင်ရာ အာဏာများ
စီစဉ်ခင်းကျင်းထား။
Verse 3
အပြစ်သားများ နှုတ်မှ
နာမတော် ရရန်
နှိမ့်ချစွာ ကိုယ်တော်သည်
ရောက်ရှိလာခဲ့ပြီ
ဆုံးတိုင်အောင် သစ္စာရှိ
အပြစ်တင်ခွင့်ကင်း
သေခြင်းကို ဖြတ်ကျော်ကာ
အောင်နိုင်ခြင်း ဆောင်လာ။
Verse 4
လူသားများ အမြင်၌
အောင်မြင်ခြင်း ယူဆောင်
ဖန်ဆင်းခံ အားလုံးထက်
မြင့်ရာသို့ ခေါ်ဆောင်
ခမည်းတော် ရင်ခွင်သို့
ဦးခေါင်းတော် ပလလင်
ဘုန်းတော်ဖြင့် ဖြည့်ခံကာ
ပြည့်စုံ နားခိုနေ။
Verse 5
ကိုယ်တော့်နာမ လေးမြတ်
မေတ္တာနှင့်အတူ
ဘုရားကယ်တင်ရှင်နှင့်
သခင်ခရစ်တော်
ကြောက်ရွံ့ တုန်လှုပ်ခြင်းနှင့်
အံ့သြခြင်းတို့ဖြင့်
အစဉ်အမြဲ ကိုးကွယ်
ယုံကြည် လေးမြတ်မည်။
Verse 6
စိတ်နှလုံး၌ စိုးစံ
အုပ်စိုးခွင့်ပေးပါ
မသန့်ရှင်းရာ အားလုံး
မမှန်ကန်ခြင်းများ
စုံစမ်းခြင်းများသောခါ
ကိုယ်တော့်အား ယူဆောင်
အလိုတော်၏အလင်း
တန်ခိုးဖြင့် လွှမ်းခြုံ။
Verse 7
ဤ သခင်ယေရှုသည်
တဖန် ကြွလာမည်
ကောင်းကင်တမန်နှင့်တူ
အဖဘုန်းတော်ဖြင့်
အာဏာများအားလုံးသည်
ကိုယ်တော့်ကို ဖူးမြင်
ယခုပင် ကျွန်ုပ်တို့
ဘုရင် ဝန်ခံမည်။
Verses:
Verses:
Hymn details
Key: D Major
Audio