နေ့ရက်နီးလာ၊ ယေရှုကြွလာရန် နီးလေ
ဘုန်းမျှော်လင့်ခြင်း -ခရစ်တော်ပြန်ကြွလာခြင်းအတွက် ပြင်ဆင်ခြင်း
Verse 1
နေ့ရက်နီးလာ၊ ယေရှုကြွလာရန် နီးလေ
အချိန်ရွေးနုတ်၊ လစ်ဟင်းခြင်းမရှိနှင့်
သခင် ကျွန်ုပ်တို့ကို အသင့်ဖြစ်စေပါ
နေ့ရက်စဉ်တိုင်း အချိန်ကို ရွေးနုတ်မည်။
chorus
ယေရှုကြွလျှင် ကိုယ်တော်နှင့် တွေ့ရမည်လော
ယေရှုကြွလျှင် အတ္တမှ လွတ်နိုင်မည်လော
ကြွလာမူလျှင် ပညာရှိတို့ကို ဆောင်ယူ
ပြင်ပရပ်တွင် ကျန်ရစ်ခြင်းမရှိလို။
Verse 2
ဤဖိုးထိုက်ချိန်ကို ရွေးနုတ်ရန် ကူမပါ
ထက်မှ ဘိသိက်နှင့် ပြည့်ဝစေမူပါ
ဘေးဒုက္ခဆင်းရဲတိုင်း၌ အာမင်ထူးမည်
ကျွန်ုပ်တို့၌ ကိုယ်တော်တိုးပွားမူပါ။
chorus
ကြွလာမူမည်၊ ဤအချိန်သည် ဖိုးထိုက်လှ
ဆီလည်းရှိပြီ၊ အိုပို၍ များစွာ ဝယ်မည်
ဒုက္ခဆင်းရဲခြင်းများ၌ အာမင်ထူးမည်
ဤရာများမှ နိုင်ငံတော်ကို ရရှိ။
Verse 3
ဇာတိပျော်ရွှင်ခြင်းမှ လှည့်ပြန်စေမူပါ
ချစ်ဖွယ်မျက်နှာတော်ကို စဉ်မျှော်ကြည့်ရန်
သတို့သားနှင့် တွေ့ရန် အသင့်ဖြစ်စေပါ
ပြေးပွဲ၌ သည်းခံခြင်းဖြင့် လိုက်ပြေးမည်။
chorus
ကြွလာချိန်ခါ၊ မျက်မှောက်တော်၌ ရပ်မည်လော
ကြွလာချိန်ခါ၊ မျက်နှာတော် ကြည့်ရမည်လော
အို ပျင်းရိခြင်း မရှိရန် လှည့်ပြန်စေပါ
ချစ်ဖွယ် မျက်မှောက်တော်ကို ကိုင်စွဲစေပါ။
Verse 4
ချစ်ဖွယ်သတို့သားကို တွေ့ဆုံရန် သွားစို့
မီးခွက်မငြိမ်းဘဲ တောက်လောင်လျက်ရှိစေ
ခွက်များပြည့်လျှံ၊ ဘုန်းတော်ကို ကြည့်မျှော်စေပါ
ကိုယ်တော်နှင့်တူ ပြည့်ဝစွာ ကျေနပ်မည်။
chorus
ကျေနပ်စေပြီ၊ ခရစ်နှင့် သတို့သမီး
ကျေနပ်စေပြီ၊ ထာဝရကာလတိုင်အောင်
အို ဝမ်းမြောက်ခြင်း၊ နားခိုခြင်း၊ ချစ်ခြင်းများဖြင့်
ကြွတော်မူလျှင် သတို့သမီးဖြစ်ရ။
Hymn details
Key: C Major
Audio