နက်နဲ၊ နက်နဲ၊ ယေရှု၏ကားတိုင်၌
အသင်းတော်- အသက်၌ကြီးထွားခြင်းဖြင့် တည်ဆောက်ခြင်း
Verse 1
နက်နဲ၊ နက်နဲ၊ ယေရှု၏ကားတိုင်၌
နက်နဲဝင်ရောက်စေ
သေခြင်း၊ ရှင်ခြင်း၊ စဉ်မြဲအတူသွားနေ
နက်နဲစီးဆင်းပါ။
နက်နဲခြင်းတွက် ဆုတောင်း
နေ့စဉ် လုပ်ဆောင်မူပါ
နက်နဲဝင်ရောက်ခြင်းဖြင့်
ကိုယ်တော်၌ လုံးလုံးသစ်လွင်။
Verse 2
မြင့်လေ၊ မြင့်လေ၊ ယေရှု၏အသက်၌
မြင့်မားခြင်းရှိစေ
အသက်တော်၌ ပို၍မြင့်ရာရပ်သို့
ကျွန်ုပ်တို့တက်လှမ်း
ပိုမြင့်စေရန်ဆုတောင်း နေ့စဉ် သဏ္ဌာန်ပြောင်းလဲ
ကြွယ်ဝသက် စီးဆင်းလေ
အသက်တော်ကို သိမြင်စေ။
Verse 3
ကြီးထွား၊ ကြီးထွား၊ ကျွန်ုပ်တို့၌ကြီးထွား
နေ့စဉ် ကြီးထွားလေ
ကျွန်ုပ်တို့ထဲ ကိုယ်တော်သည် စီးဆင်းနေ
နည်းလမ်းတော်ဖြစ်လေ
ကြီးထွားမူရန် ဆုတောင်း - နေ့စဉ် တိုးပွားမူပါ
အသိသက်သက်မဟုတ်
ကျွန်ုပ်၌ အသက်တိုးပွား။
Verse 4
သက်ရှင်၊ သက်ရှင်၊ ကျွန်ုပ်၌ ခရစ်တော်
လက်တွေ့ သက်ရှင်နေ
မှုရာကြီးငယ်၊ ရာခပ်သိမ်းအားလုံး၌
ကိုယ်တော် ပါဝင်နေ
နည်းလမ်းတိုင်း ခရစ်တော် - ကိုယ်တော်ကို ရှင်ထွက်လေ
နာမတော်ကို ခေါ်လေ
ရာအားလုံး ထံတော်အပ်နှံ။
Verse 5
ပုဂ္ဂိုလ်၊ ပုဂ္ဂိုလ်၊ ကျွန်ုပ်တို့၏ပုဂ္ဂိုလ်
သက်ရှင် ယေရှုရှင်
ပြုမူတိုင်း၌ ကျွန်ုပ်တို့နှစ်သိမ့်ရာ
အို ဘုန်းထင်ရှားလေ
ပုဂ္ဂိုလ်တော် အို၊ သခင်၊ စိတ်နှလုံး၌ အိမ်ဆောက်
နည်းလမ်းတိုင်း၌ သခင်
ပုဂ္ဂိုလ်တော်ဖြစ် သက်ရှင်လေ။
Verse 6
သင်းတော်၊ သင်းတော်၊ ဒေသန္တရသင်းတော်များ
စီးဆင်းခြင်း ရှိလေ
နက်နဲ၊ မြင့်မား၊ ခရစ်တော်သက်ရှင်နေ
သင်းတော်တွက် ကြီးထွား။
ယနေ့ သင်းတော်များသည် ခရစ်တော်ပင် ဖြစ်လေ
ကျွန်ုပ်တို့ ဆုတ်ယုတ်ကာ
ကိုယ်တော်တိုးပွား ခန္ဓာတော်တွက်။
Verse 7
တည်ဆောက်၊ တည်ဆောက်၊
အသင်းတော်တည်ဆောက်ခြင်း
ဤနည်းဖြင့် မြင်ရ
တွေ့ကြုံ ခရစ်တော် တည်ဆောက်ခြင်းထွက်ပေါ်စေ
နည်းလမ်းသည် ကိုယ်တော်
တည်ဆောက်မူပါ ဆုတောင်း၊ နေ့စဉ် အသက်ကြီးထွား
ယေရုရှလင်သစ်တွက်
တည်ဆောက်သူများဖြစ်စေပါ။
Verse 8
ကြွလာ၊ ကြွလာ၊ ယေရှုသည် ကြွလာမည်
သတို့သမီးတွက်
သင်းတော်များ၌ ကျွန်ုပ်တို့ပြင်ဆင်နေ
ဘုန်းတော်ထင်ရှားရန်။
ယေရှုရှင် ကြွမူပါ - တွင်းနက်နဲမှ ခေါ်ဆို
အဆုံးတိုင်ချီးမွမ်းမည်
ကြွလာတော်မူပါ အာမင်။
Hymn details
Key: G Major
Audio