M573E1220KC573MT573

ဖုံးကွယ်ရာများ၊ ဖယ်ရှားပေးပါ

အသင်းတော် - ရူပါရုံ

21

Verse 1

ဖုံးကွယ်ရာများ၊ ဖယ်ရှားပေးပါ

စစ်မှန်ခြင်းဖွင့်ပြပါ

ပြန်လည်ရယူခြင်းရူပါရုံ

ရှင်းလင်းခြင်းပေးမူပါ။

Verse 2

ဖွင့်ပြခြင်းဖြင့် ကျွန်ုပ်မြင်ရ

ခရစ်တော်ထမြောက်ပြီ

သေခြင်းမှထမြောက်စေတန်ခိုး

ယုံကြည်လက်ခံသင်းတော်။

Verse 3

လောကရာများနှောင့်ယှက်ခြင်းမှ

တန်ခိုးတော်လွတ်မြောက်စေ

ဒေသန္တရသင်းတော်ထဲသို့

တန်ခိုးတော်ဖြင့်ရောက်ရ။

Verse 4

ဒေသန္တရသင်းတော်ထဲ၌

ပုဂ္ဂိုလ်တော်ကိုယူဆောင်

အပြင်လူသည် နေ့စဉ်ဆုတ်ယုတ်

စိတ်နှလုံး၊ ကိုယ်တော့်တွက်။

Verse 5

ကိုယ်တော့်ကို ပုဂ္ဂိုလ်ဖြစ်ယူဆောင်

ကိုယ်တော်နှင့်သေခံပြီ

အတွင်းလူကို ပြန်လည်ရယူ

ကိုယ်တော်ကိန်းဝပ်မူပြီ။

Verse 6

အင်္ဂါဝင်များအတ္တစွန့်လွတ်

ခန္ဓာတော်ဘုန်းထင်ရှား

ပုဂ္ဂိုလ်တော်ကို ဆက်ဆံကြရာ

လူသစ်တစ်ဦးထင်ရှား။

Verse 7

လူသစ်တစ်ဦး၊ သင်းတော်သက်တာ

ဒေသတိုင်း၌ ထင်ရှား

ခန္ဓာတော်သည် စုပေါင်းသောလူ

ပုဂ္ဂိုလ်တစ်ဦးထင်ရှား။

Hymn details

Key: G Major

Audio