ရွေးနုတ်ရှင် သခင်ကို ချီးမွမ်း
အသင်းတော် - မိတ်သဟာယ
21
Verse 1
ရွေးနုတ်ရှင် သခင်ကို ချီးမွမ်း
ကိုယ်တော်၏ ကျေးဇူးတော်
ကျွန်ုပ်တို့အတူ ပေါင်းစည်းပေး
မျက်နှာတော်ကို ရှာဖွေ
မျက်နှာတော်ကို ရှာဖွေ
Verse 2
ခြားသူနှင့်အတူ တည်ဆောက်ပေး
တစ်လုံးတစ်ဝဖြစ်စေ
ဘုန်းမျှော်လင့်ရာ မြင့်ဆုံးခေါ်ခြင်း
အတူလက်တွဲကြမည်
အတူလက်တွဲကြမည်။
Verse 3
ဆုကျေးဇူး သီးသီးပေးအပ်ထား
ကျွန်ုပ်တို့ သက်သေပြ
ခွက်တိုင်း၌ ကျေးဇူးတော်စီးဆင်း
စင်ကြယ် မေတ္တာစမ်းချောင်း
စင်ကြယ် မေတ္တာစမ်းချောင်း
Verse 4
တစ်လုံးတစ်ဝဖြစ်ခြင်း ဝမ်းမြောက်
ငြိမ်သက်ခြင်း ခံစားရ
လောကလူမသိ ငြိမ်သက်ခြင်း
မြွက်ဆိုမနိုင် ဝမ်းမြောက်
မြွက်ဆိုမနိုင် ဝမ်းမြောက်။
Verse 5
ကျွန်ုပ်တို့၏ မိတ်ဖွဲ့ခြင်းသည်
ခရစ်တော်၌ ချိုမြိန်
ချီဆောင်ခြင်း ရောက်လာသောအခါ
ပလ္လင်တော်၌ တွေ့ဆုံ
ပလ္လင်တော်၌ တွေ့ဆုံ။
Hymn details
Key: G Major
Audio