ကြောက်ရွံ့စိုးရိမ်ခြင်းမရှိပြီ
ဧဝံဂေလိတရား - ရွေးနုတ်ခြင်း
21
Verse 1
ကြောက်ရွံ့စိုးရိမ်ခြင်းမရှိပြီ
ဘုရားသည်သားတော်ကိုပေးပြီ
ကျွန်ုပ်တွက် သေခံပေး
အပြစ်ကြွေး ခရစ်တော်ဆပ်ပေး
ဘုရားစိတ်တော် ပြောင်းလဲမည်လော
ပြန်၍တောင်းဆိုမည်လော။
Verse 2
ပြည့်ဝရွေးနုတ်ခြင်း သခင်ပြု
ကျွန်ုပ်ပြစ်ကြွေးကို ဆပ်ပေးပြီ
ပညတ်တော်မှ လွတ်ပြီ
အမျက်တော်ကို မကြောက်ပြီ
သွန်းလောင်းသော သွေးတော်အားဖြင့်လေ
လုံးလုံးဖုံးလွှမ်းမူပြီ။
Verse 3
ခွင့်လွှတ်တော်မူခြင်း ကျွန်ုပ်တွက်
ပြစ်ခွင့်လွှတ်ခြင်းကို ရရှိပြီ
ပြစ်ကြွေးအားလုံးဆပ်ပေး
အာမခံသူ သားတော်ကြောင့်လေ
နောက်တဖန် တောင်းဆိုမပြုတော့
ကျွန်ုပ်ပြစ်လွတ်ရပြီ။
Verse 4
ယခုငြိမ်သက်နားခိုခြင်းပြည့်
ကယ်တင်ရှင်ခရစ်တော်ပြုပေး
လုံးလုံးလွတ်မြောက်စေပြီ
ကိုယ်တော့်ဖိုးထိုက်လှသွေးတော်ကြောင့်
ဘုရားစီရင်ခြင်းမခံပြီ
ကျွန်ုပ်တွက်သေခံမူ။
Hymn details
Key: A Major
Audio