M566E837KC566MT566

ကြံစည်တော်တွက် ကိုယ်တော့်ကိုချီးမွမ်း

အသင်းတော် - တည်ဆောက်ခြင်း

21

Verse 1

ကြံစည်တော်တွက် ကိုယ်တော့်ကိုချီးမွမ်း

ကျွန်ုပ်တို့၌ ကိုယ်တော်ကိန်းဝပ်

ကိုယ်တော်သက်ရှင်၊ ကိုယ်တော်နဲ့ပြည့်

သားတော်မြတ်၌ ကိုယ်တော်ထင်ရှား။

Verse 2

သဏ္ဌာန်တော်၌ ဖန်ဆင်းခဲ့ပြီ

အခွင့်အာဏာ ပေးထားသော်လည်း

မြေမှုန့်ဖြစ်သော ကျွန်ုပ်တို့သည်

ဘုရားဇာတိ မရှာဖွေခဲ့။

Verse 3

အသက်တော်ကို လက်ခံရချိန်

ဘုရားသဘောသဘာဝပိုင်ဆိုင်

ကိုယ်တော်ရှင်နှင့် ရောနှောပေါင်းစည်း

ခန္ဓာတော်တည် မည်မျှဘုန်းထင်။

Verse 4

စိတ်များထဲသို့ အသက်စီးဆင်း

ဖြစ်ခြင်းအားလုံး အသစ်ပြုပြင်

ပုလဲများနှင့် ကျောက်မြတ်ဖြစ်လာ

သဏ္ဌာန်တော်သို့ ပြောင်းလဲတူညီ။

Verse 5

သခင်ရှင်ကို ပြည့်ဝသိလာ

ချီးမွမ်းခြင်းခံယူရန်မဟုတ်

တည်ဆောက်ခံသော တန်ဆာပလာ

ဘုန်းပြည့်အိမ်တော် တည်ဆောက်ခံကြ။

Verse 6

ကိုယ်တော်ရှင်ထံ ဆက်ကပ်အပ်နှံ

လက်တော်ထဲသို့ လက်ခံမူပါ

ကိုယ်တော်ရှင်၌ ချိုးဖဲ့တည်ဆောက်

တောင်းဆိုရာများ ပြီးမြောက်ပြည့်စုံ။

Verse 7

ဇာတိအသက် ချိုးဖဲ့ပါလေ

ထူးခြားရာများ ဆက်ဆံဖြေရှင်း

ကျွန်ုပ်တို့သည် လွတ်လပ်မရှိ

သန့်ရှင်း သူများ ထာဝရတည်။

Verse 8

သတို့သမီး ကျွန်ုပ်တို့သည်

အတွင်းခန်းထဲ ဆောင်ယူခံရ

မေတ္တာတော်ကို ပြည့်ဝ၀မ်းမြောက်

ကိုယ်တော်ရှင်လည်း ကျေနပ်ဝမ်းမြောက်။

Hymn details

Key: D Major

Audio