M565E738KC565MT565

အမျိုးမျိုးသောအသက်တိုင်း၌

အတွင်းသက်၏ပုံပန်းသဏ္ဌာန်အမျိုးမျိုး - အသက်၏အာရုံ

21

Verse 1

အမျိုးမျိုးသောအသက်တိုင်း၌

အသက်အာရုံရှိသည်

ကျွန်ုပ်၌ ထာဝရသက်ရှိ

ဘုရား၏အာရုံရှိ။

Verse 2

အသက်အဆင့်မြင့်မားလေလေ

အာရုံလည်း မြင့်မားလေ

ဘုရားအသက်သည် မြင့်မားဆုံး

အာရုံလည်း မြင့်မားဆုံး။

Verse 3

ကျွန်ုပ်၌ အသက်အာရုံရှိ

ဘုရား၏အာရုံဖြစ်

ကျွန်ုပ်တို့ဝိညာဉ်ကိုရှင်စေ

အာရုံကောင်းထက်သာလွန်။

Verse 4

ကျွန်ုပ်၌ အတွင်းအာရုံရှိ

အတွင်းဆုံးသိမြင်ခြင်း

အတွင်းကျ ပိုင်းခြားနိုင်

အလိုတော်ထင်ရှားနိုင်။

Verse 5

ဤအာရုံဖြင့် ဘုရားကိုသိ

အတွင်းအသက်အာရုံ

တန်ခိုးပြည့်စုံ၊ အလိုလိုသိ

ရုန်းကန်ရာမဟုတ်ပါ။

Verse 6

အသက်၌ ကြီးထွားလာလေလေ

အာရုံလည်း ထက်မြက်လေ

အသက်၌ လျှောက်လှမ်းပြုမူလေ

ထက်သန်မှုရှိလေလေ။

Verse 7

အသက်အာရုံလေ့ကျင့်သောခါ

ကျွန်ုပ်ဝိညာဉ်ရဲရင့်

ဘုရား၏အတွင်းအာရုံဖြင့်

စစ်မှန်မိတ်ဖွဲ့ခြင်းတည်။

Hymn details

Key: D Major

Audio