ကိုယ်တော်သည် ချစ်သားတော်ဖြစ်
သခင်ဘုရားကိုချီးမွမ်းခြင်း - အရာအားလုံးပါဝင်ခြင်း
Verse 1
ကိုယ်တော်သည် ချစ်သားတော်ဖြစ်
ဘုရား၏သဏ္ဌာန်တော်
သန့်ရှင်းသူများ၏ဝေစု
သွေးတော်ဖြင့် ပေးမူပြီ
ဖန်ဆင်းခံများအားလုံးတွင်
ကိုယ်တော်သည် သားဦးဖြစ်
ကိုယ်တော်ဖြင့် ဖန်ဆင်းလုံးစုံ
ရာခပ်သိမ်း ကိုယ်တော့်တွက်။
Verse 2
ဖန်ဆင်းခံမတိုင်မီရှိ
ကိုယ်တော်၌ ခပ်သိမ်းရှိ
ကိုယ်တော်သည် အလယ်ဗဟို
ကိုယ်တော်ဖြင့် ခပ်သိမ်းတည်
ကိုယ်တော်သည် အစပြုသူ
သေသောသူမှသားဦး
ခန္ဓာတော်သင်းတော်အတွက်
ဘုန်းကြီးသောဦးခေါင်းတော်။
Verse 3
ခမည်းတော်ကို ကျေနပ်စေ
ပြည့်ဝခြင်းလုံးစုံရှိ
မျက်မြင်ရာများအားလုံး၌
ကိုယ်တော်သာ ပထမ
သွေးတော်သွန်းလောင်းခြင်းအားဖြင့်
ဘုရားထံ သင့်မြတ်စေ
ကျွန်ုပ်တို့အား ဘုရားထံ
ပြစ်တင်ခွင့်ကင်းဆက်သ။
Verse 4
ဘုရားပြည့်ဝကိန်းဝပ်နေ
ဘုရား၏နက်နဲခြင်း
ပညာတော်ဖိုးထိုက်ဘဏ္ဍာ
ကိုယ်တော်၌ အားလုံးရှိ
ကိုယ်တော်သာ ဘုန်းမျှော်လင့်ရာ
ကျွန်ုပ်၌ ကိုယ်တော်ကိန်း
ကိုယ်တော်၌ စုံလင်ခံရ
ဘုရားကျေနပ်မူပြီ။
Verse 5
ရာခပ်သိမ်းမှာ အရိပ်သာ
ကိုယ်တော်တိုင်ဖွင့်ပြပြီ
ကိုယ်တော်၌ အမြစ်စွဲပြီ
စစ်မှန်ခြင်းကိုယ်တော်သာ
ကြွယ်ဝခြင်းများဝမ်းမြောက်ရာ
ပြည့်ဝခြင်းများထင်ရှား
ကျွန်ုပ်တို့သည် ခန္ဓာတော်
ကိုယ်တော်၌ ကြီးထွားလာ။
Verse 6
ဘုရား၌ ဝှက်ထားခံရ
ကျွန်ုပ်၌ ကိုယ်တော်ရှိ
ကိုယ်တော့်ငြိမ်သက်ခြင်းလွှမ်းမိုး
ရုန်းကန်ခြင်းမှနားခို
လူသစ်ကိုယ်ခန္ဓာတော်၌
ကိုယ်တော်သည် အလုံးစုံ
ကယ်တင်ရှင်သည် ရာအားလုံး
ကိုယ်တော့်ကို အစဉ်ခေါ်။
Hymn details
Key: C Major
Audio