ယေရှုရှင်ကို အောက်မေ့စဉ်တိုင်း
သခင်ဘုရားကိုချီးမွမ်းခြင်း - လှပခြင်း
Verse 1
ယေရှုရှင်ကို အောက်မေ့စဉ်တိုင်း
စိတ်နှလုံး၌ ချိုမြိန်
ချစ်ဖွယ်မျက်မှောက်တော်ကို တောင့်တ
မကြာမီ ချီဆောင်ခံ။
chorus
နှင်းပွင့်ကဲ့သို့ ကိုယ်တော်လှပခြင်း
စပျစ်ဥယျာဉ်၌ ပွင့်လန်းနေ
တုနှိုင်းမရ တင့်တယ်လှပ
စိတ်နှလုံး နူးညွတ်စေ။
Verse 2
ကျေးဇူးတော် ပြည့်ဝချီးမွမ်းရန်
သီချင်း လုံလောက်မရှိ
မေတ္တာတော်ကို ပြည့်ဝရရန်
ပြည့်စုံ နှလုံးမရှိ။
chorus
နှင်းပွင့်ကဲ့သို့ ကိုယ်တော်လှပခြင်း
စပျစ်ဥယျာဉ်၌ ပွင့်လန်းနေ
တုနှိုင်းမရ တင့်တယ်လှပ
စိတ်နှလုံး နူးညွတ်စေ။
Verse 3
မေတ္တာတော်နှင့် ကျေးဇူးတော်ဖြင့်
စိတ်နှလုံး ရွှင်လန်းလေ
သို့သော် ချစ်ဖွယ် ကိုယ်တော်တိုင်သာ
နှစ်သိမ့်စေမည် အမြဲ။
chorus
နှင်းပွင့်ကဲ့သို့ ကိုယ်တော်လှပခြင်း
စပျစ်ဥယျာဉ်၌ ပွင့်လန်းနေ
တုနှိုင်းမရ တင့်တယ်လှပ
စိတ်နှလုံး နူးညွတ်စေ။
Verse 4
တုနှိုင်းရာမဲ့ လှပဆုံးဖြစ်
ချိုမြိန်ခြင်းထက် ချိုမြိန်
ကိုယ်တော်မပါ၊ ကောင်းကင် မြေကြီး
စိတ်မကျေနပ်စေနိုင်။
chorus
နှင်းပွင့်ကဲ့သို့ ကိုယ်တော်လှပခြင်း
စပျစ်ဥယျာဉ်၌ ပွင့်လန်းနေ
တုနှိုင်းမရ တင့်တယ်လှပ
စိတ်နှလုံး နူးညွတ်စေ။
Hymn details
Key: G Major
Audio