M549E1079KC549MT549

လောကကိုရ၊ ကယ်တင်ရှင်ဆုံးရှုံးလျှင်

ဧဝံဂေလိတရား - အထွေထွေ

21

Verse 1

လောကကိုရ၊ ကယ်တင်ရှင်ဆုံးရှုံးလျှင်

သက်ရှင်ခြင်းတန်ဖိုးမဲ့အချည်းနှီး

မကြာမီကွယ်ပျောက်မည့်အရာများပေါ်

စိတ်နှလုံးစွဲလန်းခြင်းရှိသလော

လောကကိုရ၊ ကယ်တင်ရှင်ဆုံးရှုံးလျှင်

ပိုင်ဆိုင်သမျှတန်ဖိုးရှိသလော

မြေကြီးဆိုင်ရာပျော်ရွှင်ရာများအားလုံး

ကိုယ်တော်နှင့် မည်သို့မျှနှိုင်းမရ။

Verse 2

စည်းစိမ်ဥစ္စာများကြွယ်ဝချမ်းသာကာ

နာမည်ဂုဏ်သတင်းကျော်စောသော်လည်း

ကမ်းမမြင်ပဲ မျှော်လင့်ခြင်းမဲ့နေလျှင်

မုန်တိုင်းလာရာ မည်သို့ပြုမည်နည်း

ကားတိုင်ပေါ် ကျွန်ုပ်တွက် အသေခံသော

ကယ်တင်ရှင်ဆုံးရှုံး၊ လောကရလျှင်

လောက၌ မှီခိုနိုင်ခြင်းရှိသလော

ဒုက္ခဆင်းရဲမှ လွတ်နိုင်သလော။

Verse 3

ကယ်တင်ရှင်မပါလျှင် ဗလာနတ္တိ

အပြစ်နှင့်ပူဆွေးခြင်းများသာရှိ

ကိုယ်တော်မပါလျှင် ထာဝရမှောင်မိုက်

မဆုံးနိုင်သော ဘေး၊ ည၊ မျက်ရည်ပြည့်

ကယ်တင်ရှင်မပါ၊ မည်သို့သက်ရှင်နိုင်

သေသောခါ မည်သို့ဖြစ်ပျက်မည်နည်း

ကိုယ်တော်မပါလျှင် မှောင်မိုက်ချိုင့်၌ရှိ

ထာဝရမှောင်အတိရှိမည်ပင်။

Verse 4

မည်မျှဝမ်းမြောက်ရာ ယေရှု၌ရှိခြင်း

ကျိုးပဲ့စိတ်နှလုံးငြိမ်းစေလိမ်းဆေး

ခွင့်လွတ်တော်မူခြင်းကြောင့် အပြစ်နှင့်ကင်း

ဝမ်းနည်းပူဆွေးခြင်းမရှိတော့ပြီ

ကျွန်ုပ်တွက် ယေရှု၊ ယေရှုတစ်ပါးသာ

ခြားအရာ၊ လောကအရာမရှိ

ယေရှုသာ ကျွန်ုပ်အတွက်ရာခပ်သိမ်း

ကျွန်ုပ်ကို မစပေးနေအစဉ်။

Hymn details

Key: D Major

Audio