M548E1075KC548MT548

ရှေးဝတ္ထုဟောင်းကို ပြောလေ၊

ဧဝံဂေလိတရား - အထွေထွေ

21

Verse 1

ရှေးဝတ္ထုဟောင်းကို ပြောလေ၊

အထက်မမြင်အရာ

ယေရှုနှင့် ဘုန်းတော်မြတ်ပေ၊

ယေရှုချစ်ခြင်းမေတ္တာ

ထိုဝတ္ထုပြောပါ လင်းစွာ

သူငယ်အားပြောသနည်း

ကျွန်ုပ်အားနည်းမောပန်းပါ၊

မစွမ်းနိုင် ညစ်စွန်းသည်။

chorus

ရှေးဝတ္ထုဟောင်းကိုပြောလေ

ရှေးဝတ္ထုဟောင်းကိုပြောလေ

ရှေးဝတ္ထုဟောင်းကိုပြောလေ

ယေရှုနှင့် မေတ္တာတော်။

Verse 2

ထိုဝတ္တုပြော ဖြည်းညင်းစွာ၊

ကျွန်ုပ်နားလည်လွယ်အောင်၊

အံ့ဖွယ်ရွေးနှုတ်ကယ်ဖို့ရာ၊

အပြစ်ဖြေခြင်းအကြောင်း၊

ထိုဝတ္ထုပြော အဖန်များ၊

ကျွန်ုပ်မေ့လွန်းတတ်ချေ၊

နှင်းရည်လို နံနက်ရှိငြား၊

မွန်းတည့်သော် ကွယ်ပျောက်လေ။

chorus

ရှေးဝတ္ထုဟောင်းကိုပြောလေ

ရှေးဝတ္ထုဟောင်းကိုပြောလေ

ရှေးဝတ္ထုဟောင်းကိုပြောလေ

ယေရှုနှင့် မေတ္တာတော်။

Verse 3

ထိုဝတ္ထုပြောပါ တိုးတိုး၊

စိတ်ပါသံနှင့် လေးလေး

ကျွန်ုပ်အပြစ်မှကယ်ဖို့၊

ယေရှုသည် ကြွလာအောက်မေ့

ထိုဝတ္ထုပြောပါအစဉ်

ဒုက္ခဆင်းရဲရောက်သော်

နှစ်သိမ့်ခြင်းပေးလိုမှန်လျှင်၊

ထိုဝတ္ထုဟောင်းကိုပြောလော့။

chorus

ရှေးဝတ္ထုဟောင်းကိုပြောလေ

ရှေးဝတ္ထုဟောင်းကိုပြောလေ

ရှေးဝတ္ထုဟောင်းကိုပြောလေ

ယေရှုနှင့် မေတ္တာတော်။

Verse 4

လောကဂုဏ်၌ ပျော်မွေ့စဉ်၊

လောကုတ္တရာဆုံးပါး

ကျွန်ုပ်အတွက်ကြောင့် စိုးလျှင်၊

ဝတ္ထုဟောင်းကို ပြောပါ

မှန်ပေ၊ ခုလောကဘုန်းသည်

စိတ်သွေးဆောင်ပါလုသော်

ယေရှုရှင် ကျန်းမာစေ၏၊

ဝတ္ထုပါရာပြောလော့။

chorus

ရှေးဝတ္ထုဟောင်းကိုပြောလေ

ရှေးဝတ္ထုဟောင်းကိုပြောလေ

ရှေးဝတ္ထုဟောင်းကိုပြောလေ

ယေရှုနှင့် မေတ္တာတော်။

Hymn details

Key: C Major

Audio