လုပ်ဆောင်ခြင်းအမြတ်မည်ရာနည်း
ဧဝံဂေလိတရား - အထွေထွေ
Verse 1
လုပ်ဆောင်ခြင်းအမြတ်မည်ရာနည်း
ကျွန်ုပ်တို့တွက် အသစ်မရှိ
ပြီးခဲ့ရာများ မေ့ပစ်လိုက်ပါ
အားလုံးအနတ္တ။
chorus
အနတ္တ၊ အနတ္တ
အနတ္တ၊ အနတ္တ
လေတိုက်ရာလိုက်ပါ
အားလုံးအနတ္တ။
Verse 2
သက်တာပူဆွေးနာကျင်ခြင်းသာ
ဉာဏ်ပညာများလေ ဝမ်းနည်းလေ
သုတတိုးပွား ဆုံးရှုံးခြင်းသာ
အားလုံးအနတ္တ။
chorus
အနတ္တ၊ အနတ္တ
အနတ္တ၊ အနတ္တ
လေတိုက်ရာလိုက်ပါ
အားလုံးအနတ္တ။
Verse 3
ဝမ်းမြောက်ချမ်းသာခြင်း မည်ရာနည်း
မိသားစု ဝမ်းမြောက်ခြင်းရှိလည်း
စိုးရိမ်ပူပန်ခြင်း ရှိနေဆဲ
အားလုံးအနတ္တ။
chorus
အနတ္တ၊ အနတ္တ
အနတ္တ၊ အနတ္တ
လေတိုက်ရာလိုက်ပါ
အားလုံးအနတ္တ။
Verse 4
နေ့ညပင်ပန်း နားနေခြင်းမဲ့
ဒုက္ခကင်းစွာ ရယူခဲ့ငြား
သေခြင်းရောက်ချိန် ဆုံးရှုံးပြန်သည်
အားလုံးအနတ္တ။
chorus
အနတ္တ၊ အနတ္တ
အနတ္တ၊ အနတ္တ
လေတိုက်ရာလိုက်ပါ
အားလုံးအနတ္တ။
Verse 5
ငယ်ရွယ်ချိန် ဘုရားသတိရ
ဘုရားကို ကြောက်ရွံ့ကာ ရယူ
ကိုယ်တော်၌သာ ကျေနပ်နိုင်မှာ
ချည်းနှီးမဖြစ်ပါ။
chorus
ခရစ်တော် ရရှိလျှင်
ရာခပ်သိမ်း သင်ရရှိ
ခြားရာချည်းနှီးပင်
ကိုယ်တော်ကိုရယူ။
Hymn details
Key: D Major
Audio