M545E1062KC545MT545

ကားတိုင်သို့ ကျွန်ုပ်လာသည်

ဧဝံဂေလိတရား - သခင်ဘုရားထံငိုကြွေးခြင်း

21

Verse 1

ကားတိုင်သို့ ကျွန်ုပ်လာသည်

ဆင်းရဲ၊ မျက်စိကန်း၊ နွမ်းပါး

ကောင်းမှုများ အလျှင်းမရှိ

ကယ်တင်ခြင်းမှန် တွေ့နိုင်ရာ။

chorus

မင်္ဂလာရှိ သိုးသငယ်

ကိုယ်တော်ကို ကျွန်ုပ်ကိုးစား

ရိုသေစွာ ဦးညွတ်မှီဝဲ

ယေရှု ခုကယ်တော်မူပါ။

Verse 2

ကြာကြာ ကျွန်ုပ်ဆိုးအားကြီး

ကိုယ်တော်ကို ကျွန်ုပ်အောက်မေ့

ယေရှုချိုသံကြားပါပြီ

သင့်အပြစ် ငါ့သွေးနှင့်ဆေး။

chorus

မင်္ဂလာရှိ သိုးသငယ်

ကိုယ်တော်ကို ကျွန်ုပ်ကိုးစား

ရိုသေစွာ ဦးညွတ်မှီဝဲ

ယေရှု ခုကယ်တော်မူပါ။

Verse 3

ကိုယ်တော်သည် အပိုင်ယူဖို့

မိတ်ဆွေများ အချိန်ဥစ္စာ

ကျွန်ုပ်စိတ်နှင့် ခန္ဓာကို

အားလုံး ဆက်ကပ်ပူဇော်သည်။

chorus

မင်္ဂလာရှိ သိုးသငယ်

ကိုယ်တော်ကို ကျွန်ုပ်ကိုးစား

ရိုသေစွာ ဦးညွတ်မှီဝဲ

ယေရှု ခုကယ်တော်မူပါ။

Verse 4

ကိုယ်တော်၏ကတိယုံကြည်

သွေးတော်သွန်း အကျိုးဆက်ဆံ

စိတ်နှလုံးနှိမ့်ချပါပြီ

ယေရှုနှင့် သေခြင်းကိုခံ။

chorus

မင်္ဂလာရှိ သိုးသငယ်

ကိုယ်တော်ကို ကျွန်ုပ်ကိုးစား

ရိုသေစွာ ဦးညွတ်မှီဝဲ

ယေရှု ခုကယ်တော်မူပါ။

Hymn details

Key: D Major

Audio