M546E1068KC546MT546

ကြင်နာစွာ ကျွန်ုပ်ကိုရှာ

ဧဝံဂေလိတရား - သက်သေခံချက်

21

Verse 1

ကြင်နာစွာ ကျွန်ုပ်ကိုရှာ

အပြစ်နှင့်ဖျားနာခြင်း

ကိုယ်တော်ပခုံးပေါ်ယူတင်၊

ကိုယ်တော်ထံတစ်ဖန်ဆောင်

ရှေ့တော်ကောင်းကင်တမန်ချီးမွမ်း

ကောင်းကင်နန်းတော်များရောက်သည့်တိုင်။

chorus

အိုမေတ္တာဖြင့်ရှာပြီ၊

အိုသွေးတော်ဖြင့်ဝယ်ပြီ၊

အိုကျေးဇူးတော်ဖြင့် ပေါင်းစည်းစေပြီ၊

အံ့သြဘွယ်ကျေးဇူးတော်ဖြင့်ပေါင်းစည်း။

Verse 2

သွေးတော်ဖြင့် ပြစ်ဆေးကြောပေး

ဆီနှင့်စပျစ်ရည်လောင်း

ကျွန်ုပ်ကို စိတ်ချမှုပေး၊

ကိုယ်တော်ကို ကျွန်ုပ်တွေ့

မကြားဘူးသော ချိုသာသံသည်

ကျွန်ုပ်နှလုံး ရွှင်လန်းစေပြီ။

chorus

အိုမေတ္တာဖြင့်ရှာပြီ၊

အိုသွေးတော်ဖြင့်ဝယ်ပြီ၊

အိုကျေးဇူးတော်ဖြင့် ပေါင်းစည်းစေပြီ၊

အံ့သြဘွယ်ကျေးဇူးတော်ဖြင့်ပေါင်းစည်း။

Verse 3

ကိုယ်တော်သံမှိုရာပြပြီ

ကျွန်ုပ်တွက် အသွေးသွန်း

ကိုယ်တော်၏ ဦးခေါင်းပေါ်တွင်

ဆူးရစ်သရဖူတင်

အံ့ဘွယ် ကျွန်ုပ်ကိုရှာဖွေရာ

နာကျင်စွာဖြင့် ခံစားရရှာ။

chorus

အိုမေတ္တာဖြင့်ရှာပြီ၊

အိုသွေးတော်ဖြင့်ဝယ်ပြီ၊

အိုကျေးဇူးတော်ဖြင့် ပေါင်းစည်းစေပြီ၊

အံ့သြဘွယ်ကျေးဇူးတော်ဖြင့်ပေါင်းစည်း။

Verse 4

ကိုယ်တော်ရှေ့တော်၌ ထိုင်စဉ်

ကိုယ်တော့်မျက်နှာရောင်ခြည်

ဝတ်ပြုကိုးကွယ်စဉ် အံ့ဘွယ်၊

ကိုယ်တော်ကောင်းချီးခံရ

ထာဝရနေ့ဖြစ် တွေ့နိုင်ပြီ

ကိုယ်တော်၏ ချီးမွမ်းသံများမြိုင်။

chorus

အိုမေတ္တာဖြင့်ရှာပြီ၊

အိုသွေးတော်ဖြင့်ဝယ်ပြီ၊

အိုကျေးဇူးတော်ဖြင့် ပေါင်းစည်းစေပြီ၊

အံ့သြဘွယ်ကျေးဇူးတော်ဖြင့်ပေါင်းစည်း။

Verse 5

ထိုနေ့ရက်များ ဖြတ်သန်းစဉ်

ပြည့်စုံ နားခိုရပြီ

နံနက်ခင်းကို ကျွန်ုပ်မျှော်၊

ကောင်းဆုံးနှင့်တောက်ပဆုံး

ကိုယ်တော့်အပါးသို့ ခေါ်သောခါ

ကိုယ်တော်နှင့်တူ သတို့သမီး။

chorus

အိုမေတ္တာဖြင့်ရှာပြီ၊

အိုသွေးတော်ဖြင့်ဝယ်ပြီ၊

အိုကျေးဇူးတော်ဖြင့် ပေါင်းစည်းစေပြီ၊

အံ့သြဘွယ်ကျေးဇူးတော်ဖြင့်ပေါင်းစည်း။

Hymn details

Key: G Major

Audio