တိုင်တော်နားနေရာချထား
ဧဝံဂေလိတရား - သခင်ဘုရားထံငိုကြွေးခြင်း
Verse 1
တိုင်တော်နားနေရာချထား
ကရာနီကုန်းပေါ်မှာ
ချမ်းသာပေး သက်စမ်းရေသည်
လူတိုင်းဖို့ စီးနေ၏။
chorus
တိုင်တော်တွင်၊ တိုင်တော်တွင်
ငါဝါကြွားရာဖြစ်စေ
ငါ၏ဝိညာဉ် ငြိမ်သက်ခြင်း
ဝင်သည့်တိုင်အောင်ဖြစ်စေ။
Verse 2
တိုင်တော်နား တုန်လှုပ်ရပ်နေ
ကရုဏာတော်တွေ့လေ
ထွန်းတောက်သော မိုးသောက်ကြယ်သည်
ငါ့ပတ်လည် လင်းစေ၏။
chorus
တိုင်တော်တွင်၊ တိုင်တော်တွင်
ငါဝါကြွားရာဖြစ်စေ
ငါ၏ဝိညာဉ် ငြိမ်သက်ခြင်း
ဝင်သည့်တိုင်အောင်ဖြစ်စေ။
Verse 3
သိုးသငယ်မြတ် တိုင်တော်နား
ငါသည် စဉ်ရှုမြင်ရာ
တိုင်တော်မြတ် အရိပ်အောက်မှာ
လျှောက်နိုင်အောင် ကယ်မပါ။
chorus
တိုင်တော်တွင်၊ တိုင်တော်တွင်
ငါဝါကြွားရာဖြစ်စေ
ငါ၏ဝိညာဉ် ငြိမ်သက်ခြင်း
ဝင်သည့်တိုင်အောင်ဖြစ်စေ။
Verse 4
တိုင်တော်နား ငါစောင့်နေမည်
အစဉ်မျှော်လင့် ယုံကြည်
ကယ်တင်ရှင်၏ မျက်နှာတော်
မြင်သည့်တိုင်အောင် စောင့်မည်။
chorus
တိုင်တော်တွင်၊ တိုင်တော်တွင်
ငါဝါကြွားရာဖြစ်စေ
ငါ၏ဝိညာဉ် ငြိမ်သက်ခြင်း
ဝင်သည့်တိုင်အောင်ဖြစ်စေ။
Hymn details
Key: D Major
Audio