M543E1058KC543MT543

မြဲတည်ကျောက်၊ ကျွန်ုပ်ဖို့ကွဲ

ဧဝံဂေလိတရား - သခင်ဘုရားထံငိုကြွေးခြင်း

21

Verse 1

မြဲတည်ကျောက်၊ ကျွန်ုပ်ဖို့ကွဲ

ကိုယ်တော်၌ ကျွန်ုပ်ခိုလှုံ

နံဘေးတော်မှ စီးဆင်းသော

သွေးတော်နှင့် ရေအားဖြင့်လေ

ပြစ်အနာဖြေရှင်းငြိမ်းစေ

ပြစ်တန်ခိုးမှ ကယ်တင်ပေး။

Verse 2

ပညတ်၏ တောင်းဆိုရာများ

စိတ်အားကြီး မရွေ့မလျော့

ကြိုးစားလည်း မပြည့်စုံနိုင်

မျက်ရည်များ အစဉ်ယိုကျ

မည်သို့မျှ ပြစ်မလွတ်နိုင်

ကျေးဇူးတော်ဖြင့် ကယ်တင်ခံ။

Verse 3

လက်ချည်းဖြင့် ကိုယ်တော့်ထံလာ

ကားတိုင်ကို ကျွန်ုပ်ဖက်တွယ်

ကိုယ်တော်ဖြင့် ဝတ်ဆင်ခံလို

ကူညီမဲ့၊ ကျေးဇူးတော်ရှာ

ဆိုးယုတ်သူ၊ စမ်းရေတွင်းရှာ

ကယ်တင်ရှင်၊ ဆေးကြောမူပါ။

Verse 4

ထွက်ဝင်သက် ကျွန်ုပ်ရှူစဉ်

မျက်စိမှိတ် စုတေသောခါ

ထက်ရပ်သို့ ကျွန်ုပ်တက်ကြွ

ပလ္လင်ပေါ် ကိုယ်တော့်ကိုမြင်

မြဲတည်ကျောက်၊ ကျွန်ုပ်ဖို့ကွဲ

ကိုယ်တော်၌ ကျွန်ုပ်ခိုလှုံ။

Hymn details

Key: G Major

Audio