M542E1057KC542MT542

ချစ်သနား ယေရှုဘုရား၊

ဧဝံဂေလိတရား - သခင်ဘုရားထံငိုကြွေးခြင်း

21

Verse 1

ချစ်သနား ယေရှုဘုရား၊

ရင်ခွင်တော်၌ မှီခိုမည်

ပြင်းစွာသောမုန်တိုင်းကျလာ

လှိုင်းတံပိုးထ အားကြီးလေ

ဤဘဝမုန်တိုင်းလွန်အောင်

လက်တော်ဖြင့် ကွယ်ကာအုပ်ထား

ကောင်းကင်ဆိပ်တော်တွင်းတိုင်အောင်

ဘေးလွတ်မဲ့ ပို့ဆိုက်စေပါ။

Verse 2

ကိုးကွယ်ခိုရာ ခြားမမြင်၊

ကိုယ်တော်၌သာ မှီတွယ်ရာ

စွန့်ပယ်၊ အိုမစွန့်ပယ်နှင့်

ထောက်မအားပေးတော်မူပါ

ကိုယ်တော်ကိုသာ ကိုးစားလျှင်

ကိုယ်တော်ကို မျှော်လင့်နေရာ

ကိုယ်တော်၏ အတောင်တော်ဖြင့်

ကျွန်ုပ်ခေါင်းကို ဖုံးအုပ်ပါ။

Verse 3

အိုခရစ်၊ လိုလေသမျှ၊

ကိုယ်တော်၌ ကြွယ်ဝစွာရှိ

လဲသူချီ၊ နွမ်းသူထောက်ရ

နာသူ၊ ကန်းသူ ချမ်းသာ၏

ကိုယ်တော်ဖြောင့်မတ် သန့်ရှင်းသည်

ကျွန်ုပ်မှာ အပြစ်လျှင်သာ

ကျေးဇူးဂုဏ်တော်စုံလင်၏

ကျွန်ုပ်စက်ဆုပ်ရွံဖွယ်ရာ။

Verse 4

ကြွယ်ဝသောကျေးဇူးတော်ဖြင့်၊

များစွာသောအပြစ်ဖြေရှာ

မေတ္တာတော်ရေ များစွာနှင့်

ဆေးကြောစင်ကြယ်စေမူပါ

ကိုယ်တော်သာ အသက်သခင်

ကိုယ်တော်က သက်ရေတိုက်ကျွေး

ကျွန်ုပ်စိတ်အတွင်း၌ပင်

ထာဝရစမ်းရေပေါက်စေ။

Hymn details

Key: D Major

Audio