M541E1054KC541MT541

ကယ်တင်ရှင် လွန်မသွားပါနှင့်

ဧဝံဂေလိတရား - သခင်ဘုရားထံငိုကြွေးခြင်း

21

Verse 1

ကယ်တင်ရှင် လွန်မသွားပါနှင့်

ကျွန်ုပ်လျှောက်ပါ၏

ခြားသောသူနှင့် စိတ်တော်တွေ့လျှင်

လွန်မသွားပါနှင့်။

chorus

ယေရှု၊ ယေရှု၊

ကျွန်ုပ်ခေါ်ပါ၏

ခြားသောသူကို ခေါ်၍နေစဉ်၊

လွန်မသွားပါနှင့်။

Verse 2

ကရုဏာပလ္လင်တော်ရင်းမှာ

ငြိမ်သက်ခြင်းပေးပါ

နောင်တစိတ်နှင့် ဒူးထောက်နေစဉ်

မယုံခြင်းကယ်မ။

chorus

ယေရှု၊ ယေရှု၊

ကျွန်ုပ်ခေါ်ပါ၏

ခြားသောသူကို ခေါ်၍နေစဉ်၊

လွန်မသွားပါနှင့်။

Verse 3

ကုသိုလ်တော်ကိုသာ ယုံကြည်လျက်

မျက်နှာတော်ရှာမည်

ကြေမွဝိညာဉ် ကျန်းမာစေပါ

ကျေးဇူးဖြင့် ကယ်မ။

chorus

ယေရှု၊ ယေရှု၊

ကျွန်ုပ်ခေါ်ပါ၏

ခြားသောသူကို ခေါ်၍နေစဉ်၊

လွန်မသွားပါနှင့်။

Verse 4

သက်သာခြင်း ကိုယ်တော်ရှင်မြတ်မှာ

သက်ထက် ဖိုးထိုက်လှ

ကိုယ်တော်အပြင် အောက်ရပ်ကောင်းကင်

ကျွန်ုပ်တွင်မရှိ။

chorus

ယေရှု၊ ယေရှု၊

ကျွန်ုပ်ခေါ်ပါ၏

ခြားသောသူကို ခေါ်၍နေစဉ်၊

လွန်မသွားပါနှင့်။

Hymn details

Key: G Major

Audio