M521E994KC521MT521

မည်မျှမှောင်မိုက် ကျွန်ုပ်ဝိညာဉ်ကို ဝန်းရံ

ဧဝံဂေလိတရား - ရွေးနုတ်ခြင်း

21

Verse 1

မည်မျှမှောင်မိုက် ကျွန်ုပ်ဝိညာဉ်ကို ဝန်းရံ

သောကများမှ ကယ်တင်ရှင်ကိုမြင်

ကျွန်ုပ်စိတ်နှလုံး၌ ကိုယ်တော်ဖြတ်လျှောက်စဉ်

မှောင်ညဖျက်ဆီးကာ စုံလင်စေပြီ။

chorus

ကျွန်ုပ်တွက် ကိုယ်တော် ကရာနီကုန်းတက်ခဲ့

ကျွန်ုပ်တွက်တက် ကျွန်ုပ်တွက်တက်

ကျွန်ုပ်တွက် ကိုယ်တော် ကရာနီကုန်းတက်ခဲ့

ကျွန်ုပ်လွတ်ရန် သေခံ။

Verse 2

ပြစ်သား တုန်လှုပ်စွာ ကိုယ်တော်ရှေ့ ဦးညွတ်ကာ

ဘုရား၏ ခမဲ့ကျေးဇူးတော်သိ

မိုက်မဲရိုင်းစိုင်းခြင်းမှ ကျွန်ုပ်နောင်တရ

ကျွန်ုပ်မိုက်ကြွေး ယေရှုဆပ်ပေးပြီ။

chorus

ကျွန်ုပ်တွက် ကိုယ်တော် ကရာနီကုန်းတက်ခဲ့

ကျွန်ုပ်တွက်တက် ကျွန်ုပ်တွက်တက်

ကျွန်ုပ်တွက် ကိုယ်တော် ကရာနီကုန်းတက်ခဲ့

ကျွန်ုပ်လွတ်ရန် သေခံ။

Verse 3

ကိုယ်တော်အံ့ဘွယ်မေတ္တာ ကျွန်ုပ်ကိုပြပြီ

ကရာနီကုန်းတွက် ပလ္လင်ကိုစွန့်

ကျွန်ုပ်လွန်ကျူးရာ ကိုယ်တော်ရှင်းလင်းပေးပြီ

ကိုယ်တော်နာမ ထာဝရချီးမွမ်း။

chorus

ကျွန်ုပ်တွက် ကိုယ်တော် ကရာနီကုန်းတက်ခဲ့

ကျွန်ုပ်တွက်တက် ကျွန်ုပ်တွက်တက်

ကျွန်ုပ်တွက် ကိုယ်တော် ကရာနီကုန်းတက်ခဲ့

ကျွန်ုပ်လွတ်ရန် သေခံ။

Hymn details

Key: D Major

Audio