M520E990KC520MT520

သမားတော်ကြီး သင့်နားနီးသည်

ဧဝံဂေလိတရား - ကယ်တင်ရှင်

21

Verse 1

သမားတော်ကြီး သင့်နားနီးသည်

ကြင်နာသော ယေရှုရှင်ပေ

ညှိုးနွမ်းစိတ်ကို ဝမ်းမြောက်စေ၏

ယေရှုခေါ်သံ နားထောင်လေ။

chorus

ကောင်းကင်သား ချီးမွမ်းမြွက်ဆို

နာမတော်မြတ်ကို ဧကျူး

ဆိုရာသီချင်း လွန်သာချို

မင်္ဂလာရှိယေရှု။

Verse 2

သင်၏ပြစ်များ ဖြေလွှတ်ဆေးကြော

ခေါ်သံတော်မြတ်ကို နားထောင်

သင်နှင့်ဘုရား ရန်ငြိမ်းရပြီ

ယေရှုအားဖြင့် ရွေးနုတ်လေ။

chorus

ကောင်းကင်သား ချီးမွမ်းမြွက်ဆို

နာမတော်မြတ်ကို ဧကျူး

ဆိုရာသီချင်း လွန်သာချို

မင်္ဂလာရှိယေရှု။

Verse 3

သေခံသိုးငယ် ဘုန်းကြီးစေသော

ယေရှုကို ကျွန်ုပ်ယုံကြည်

ကယ်တင်ရှင် ယေရှု၏နာမ

ကျွန်ုပ်အလွန်မြတ်နိုး၏။

chorus

ကောင်းကင်သား ချီးမွမ်းမြွက်ဆို

နာမတော်မြတ်ကို ဧကျူး

ဆိုရာသီချင်း လွန်သာချို

မင်္ဂလာရှိယေရှု။

Verse 4

နာမတော်သည် ကြောက်စိတ်ဖယ်ရှား

တုနှိုင်းမဲ့ ယေရှုနာမ

ယေရှု၏ဖိုးထိုက် နာမတော်

ကြားရန် နှစ်သက်လှပါ၏။

chorus

ကောင်းကင်သား ချီးမွမ်းမြွက်ဆို

နာမတော်မြတ်ကို ဧကျူး

ဆိုရာသီချင်း လွန်သာချို

မင်္ဂလာရှိယေရှု။

Hymn details

Key: D Major

Audio