M522E995KC522MT522

မြို့တော်ရိုးပြင်၊ တောင်စိမ်းပေါ်တွင်

ဧဝံဂေလိတရား - ရွေးနုတ်ခြင်း

21

Verse 1

မြို့တော်ရိုးပြင်၊ တောင်စိမ်းပေါ်တွင်

သက်တော်စွန့်၊ မြတ်ချစ်ရှင်

ကျွန်ုပ်တို့အား ကယ်တင်ခြင်းငှာ

တိုင်တော်ပေါ်သေခံရှာ။

chorus

ကျွန်ုပ်တို့ကို ဤမျှချစ်သည်

ကျွန်ုပ်တို့လည်း ချစ်ရမည်

ရွေးနုတ်သွေးတော် အားကိုးယုံကြည်

သက်ထာဝရ ဝေမျှ။

Verse 2

ကိုယ်တော်ရှင်မြတ်ခံဝေဒနာ

မသိမပြောနိုင်ပါ

သို့သော် ကားတိုင်ပေါ်ခံသည်မှာ

ကျွန်ုပ်တို့တွက် ယုံပါ။

chorus

ကျွန်ုပ်တို့ကို ဤမျှချစ်သည်

ကျွန်ုပ်တို့လည်း ချစ်ရမည်

ရွေးနုတ်သွေးတော် အားကိုးယုံကြည်

သက်ထာဝရ ဝေမျှ။

Verse 3

ကျွန်ုပ်တို့ ပြစ်လွှတ် ကောင်းမြတ်ရန်

ကိုယ်တော်အသေခံခဲ့

အပြစ်များမှ လွတ်မြောက်စေရန်

ဖိုးထိုက်သွေးတော် သွန်းခဲ့။

chorus

ကျွန်ုပ်တို့ကို ဤမျှချစ်သည်

ကျွန်ုပ်တို့လည်း ချစ်ရမည်

ရွေးနုတ်သွေးတော် အားကိုးယုံကြည်

သက်ထာဝရ ဝေမျှ။

Verse 4

အပြစ်ဖိုးခ၊ ချမ်းသာပေးရန်

စွမ်းနိုင်သူ ခြားမရှိ

ဘုရားသက် ကိုယ်တော်သာ ပေးနိုင်

ကိုယ်တော်တိုင် ကိန်းဝပ်မူ။

chorus

ကျွန်ုပ်တို့ကို ဤမျှချစ်သည်

ကျွန်ုပ်တို့လည်း ချစ်ရမည်

ရွေးနုတ်သွေးတော် အားကိုးယုံကြည်

သက်ထာဝရ ဝေမျှ။

Hymn details

Key: D Major

Audio