M519E989KC519MT519

ကယ်ချွတ်ပိုင်ရှင် ဗက်လင်မြို့သို့ကြွလာ

ဧဝံဂေလိတရား - ကယ်တင်ရှင်

21

Verse 1

ကယ်ချွတ်ပိုင်ရှင် ဗက်လင်မြို့သို့ကြွလာ

နွားစားခွက်တွင် သိပ်ထားခြင်းခံရရှာ

ဝမ်းမြောက်ဖွယ်နာမတော် မင်္ဂလာရှိ

ကျွန်ုပ်ကိုပင်ရှာနေ

chorus

ကျွန်ုပ်ကိုပင်ရှာနေ

ကျွန်ုပ်ကိုပင်ရှာနေ

ဝမ်းမြောက်ဖွယ်နာမတော်မင်္ဂလာရှိ

ကျွန်ုပ်ကိုပင်ရှာ၏။

Verse 2

ကယ်ချွတ်ပိုင်ရှင် လက်ဝါးကပ်တိုင်ပေါ်တွင်

ကျွန်ုပ်ဝိညာဉ်လွတ်ရန် ကြွေးဆပ်ကယ်တင်

ဝမ်းမြောက်လှဖွယ်ဘယ်နှယ်ဖြစ်နိုင်မည်နည်း

ကျွန်ုပ်တွက်သေခံသည်

chorus

ကျွန်ုပ်တွက် သေခံသည်

ကျွန်ုပ်တွက် သေခံ၏

ဝမ်းမြောက်လှဖွယ် ဘယ်နှယ်ဖြစ်နိုင်မည်နည်း

ကျွန်ုပ်တွက်သေခံ၏။

Verse 3

ကယ်ချွတ်ပိုင်ရှင် အထက်ကဲ့သို့နည်းတူ

ခြံတော်မှလမ်းလွဲသော် လိုက်ရှာတော်မူ

ဖြည်းညင်းကြာမြင့်စွာ ကျွန်ုပ်ကိုခေါ်သည်

ကျွန်ုပ်ကိုပင်ခေါ်နေ

chorus

ကျွန်ုပ်ကိုပင်ခေါ်နေ

ကျွန်ုပ်ကိုပင်ခေါ်နေ

ဖြည်းညင်းကြာမြင့်စွာ ကျွန်ုပ်ကိုခေါ်သည်

ကျွန်ုပ်ကိုပင်ခေါ်၏။

Verse 4

ကယ်ချွတ်ပိုင်ရှင် ထက်ရပ်မှဆင်းကြွမည်

နှစ်များလွန်သွားစဉ် ကတိတော်တည်၏

ကောင်းကင်မှ ဆင်းသက်ခြင်း ကျွန်ုပ်မြင်မည်၊

ကျွန်ုပ်ဖို့ပင် လာမည်

chorus

ကျွန်ုပ်ဖို့ပင် လာမည်

ကျွန်ုပ်ဖို့ပင် လာမည်

ကောင်းကင်မှ ဆင်းသက်ခြင်း ကျွန်ုပ်မြင်မည်၊

ကျွန်ုပ်ဖို့ပင် လာမည်။

Hymn details

Key: D Major

Audio