တစ်နေ့အပြစ်သည် မည်မျှမှောင်မည်းနေလည်း
ဧဝံဂေလိတရား - ကယ်တင်ရှင်
Verse 1
တစ်နေ့အပြစ်သည် မည်မျှမှောင်မည်းနေလည်း
တစ်နေ့ကောင်းကင်သည် ချီးမွမ်းခြင်းနှင့်ပြည့်
အပျိုကညာမှ ယေရှုသည် ဖွားမြင်လာ
လူတွေအလယ်ကိန်း၊ စံနမူနာဖြစ်။
chorus
သက်ရှင်ခြင်း-ချစ်ခြင်း၊ သေခံကာကယ်တင်
အပြစ်များမြှုပ်နှံဖယ်ရှားပေးအဝေး
ထမြောက်ကာထာဝရဖြောင့်မတ်စေပြီ
တစ်နေ့ပြန်ကြွလာ-အိုဘုန်းတော်ပြည့်နေ့။
Verse 2
တစ်နေ့ကိုယ်တော့်ကို ကာရာနီကုန်းခေါ်ဆောင်
တစ်နေ့ကိုယ်တော်ကို ကားတိုင်ပေါ်ရိုက်ထား
ဆင်းရဲဒုက္ခဖြင့် ငြင်းပယ်ခြင်းခံရရှာ
ရွေးနုတ်ရှင်ကိုယ်တော်၊ အပြစ်များဆောင်ယူ။
chorus
သက်ရှင်ခြင်း-ချစ်ခြင်း၊ သေခံကာကယ်တင်
အပြစ်များမြှုပ်နှံဖယ်ရှားပေးအဝေး
ထမြောက်ကာထာဝရဖြောင့်မတ်စေပြီ
တစ်နေ့ပြန်ကြွလာ-အိုဘုန်းတော်ပြည့်နေ့။
Verse 3
တစ်နေ့ကိုယ်တော့်ကို ဥယျာဉ်၌ထားခဲ့ကြ
တစ်နေ့ဒုက္ခဆင်းရဲမှ လွတ်မြောက်ရ
သင်္ချိုင်းတော်ပေါ် ကောင်းကင်တမန်များစောင့်နေ
ကျွန်ုပ်မျှော်လင့်ရာ၊ ကယ်တင်ရှင်ဖြစ်ရာ။
chorus
သက်ရှင်ခြင်း-ချစ်ခြင်း၊ သေခံကာကယ်တင်
အပြစ်များမြှုပ်နှံဖယ်ရှားပေးအဝေး
ထမြောက်ကာထာဝရဖြောင့်မတ်စေပြီ
တစ်နေ့ပြန်ကြွလာ-အိုဘုန်းတော်ပြည့်နေ့။
Verse 4
တစ်နေ့ကိုယ်တော့်ကို သင်္ချိုင်းချုပ်ထားမနိုင်
တစ်နေ့ကျောက်တုံးသည် ဖယ်ရှားခြင်းခံပြီ
ကိုယ်တော်ထမြောက်ပြီ၊ သေခြင်းကိုအောင်မြင်ပြီ
ကျွန်ုပ်သခင်သည် တက်ကြွတော်မူပြီ။
chorus
သက်ရှင်ခြင်း-ချစ်ခြင်း၊ သေခံကာကယ်တင်
အပြစ်များမြှုပ်နှံဖယ်ရှားပေးအဝေး
ထမြောက်ကာထာဝရဖြောင့်မတ်စေပြီ
တစ်နေ့ပြန်ကြွလာ-အိုဘုန်းတော်ပြည့်နေ့။
Verse 5
တစ်နေ့တံပိုးမှုတ်၊ ကိုယ်တော်ကြွလာမူမည်
တစ်နေ့ကောင်းကင်၌ ဘုန်းတော်ထွန်းတောက်မည်
မည်မျှပျော်ရွှင်နေ့၊ သန့်ရှင်းသူများချီဆောင်
ဘုန်းပြည့်ယေရှုရှင်၊ ကျွန်ုပ်အဖို့ပင်။
chorus
သက်ရှင်ခြင်း-ချစ်ခြင်း၊ သေခံကာကယ်တင်
အပြစ်များမြှုပ်နှံဖယ်ရှားပေးအဝေး
ထမြောက်ကာထာဝရဖြောင့်မတ်စေပြီ
တစ်နေ့ပြန်ကြွလာ-အိုဘုန်းတော်ပြည့်နေ့။
Hymn details
Key: C Major
Audio