M513E976KC513MT513

အိုသခင်၊ ရွေးနုတ်ခံများသည်

အဆုံးစွန်ဘုန်းထင်ရှားခြင်း - သန့်ရှင်းသောမြို့တော်

21

Verse 1

အိုသခင်၊ ရွေးနုတ်ခံများသည်

ခန္ဓာတော်၊ သတို့သမီး

ကိုယ်တော့်ပြည့်ဝခြင်း၊ ထင်ရှားခြင်း

သူတို့၌ ကိုယ်တော်ဘုန်းထင်။

သူတို့ဖို့ ရာအားလုံးကိုယ်တော်

ကိုယ်တော်ကြွယ်ဝခြင်းကြွေးကြော်

ကိုယ်တော်သည် သူတို့၌ပြည့်ဝ

ဘုန်းတော်ကို သူတို့မျှဝေ။

chorus

သန့်ရှင်းသောမြို့တော်တည်

ဘုရား၏ဘုန်းတော်ပြည့်

ဘုရား၏ပြီးမြောက်ထင်ရှားခြင်း

လူသား၌ မြင်ပြီ။

Verse 2

ဘုရားနှင့်လူ ပြီးမြောက်ပေါင်းစည်း

မည်မျှနက်နဲအံ့ဖွယ်ရာ

ဘုရားနှင့်လူ အပြန်အလှန်

ကိန်းဝပ်ကာပြည့်ဝထင်ရှား။

ဘုရား၏ပြည့်ဝခြင်းအားလုံး

တန်ဆာပလာ၌ထင်ရှား

ကိုယ်တော်၏သန့်ရှင်းခြင်းအရာ

ကိုယ်တော့်လှပခြင်းထင်ရှား။

chorus

သန့်ရှင်းသောမြို့တော်တည်

ဘုရား၏ဘုန်းတော်ပြည့်

ဘုရား၏ပြီးမြောက်ထင်ရှားခြင်း

လူသား၌ မြင်ပြီ။

Verse 3

သန့်ရှင်းသူများသဏ္ဌာန်ပြောင်းလဲ

စုပေါင်းသက်ရှင်ခြင်းထင်ရှား

ဖိုးထိုက်ဆုံးပုလဲနှင့်ကျောက်များ

သဏ္ဌာန်တော်နှင့်တူညီကြ

ဘုရားပလ္လင်တော်ဗဟိုမှ

အသက်ရေလွတ်လပ်စီးဆင်း

အသက်ပင်ခရစ်တော်လန်းဆန်း

အသီးများကြွယ်ဝသီးပေး။

chorus

သန့်ရှင်းသောမြို့တော်တည်

ဘုရား၏ဘုန်းတော်ပြည့်

ဘုရား၏ပြီးမြောက်ထင်ရှားခြင်း

လူသား၌ မြင်ပြီ။

Verse 4

ထာဝရရွှေမီးခုံတိုင်ထွန်း

ခရစ်တော်သည် မီးခွက်ဖြစ်

ခရစ်တော်၌ ဘုရားအလင်း

ဝိညာဉ်တော်အဖြစ် ထွန်းလင်း။

ဘုရား၌လူ၊ လူ၌ဘုရား

အဆုံးစွန်သောထင်ရှားခြင်း

ဘုရား၏စီမံကိန်းပန်းတိုင်

အပြန်အလှန်ကိန်းဝပ်ခြင်း။

chorus

သန့်ရှင်းသောမြို့တော်တည်

ဘုရား၏ဘုန်းတော်ပြည့်

ဘုရား၏ပြီးမြောက်ထင်ရှားခြင်း

လူသား၌ မြင်ပြီ။

Hymn details

Key: D Major

Audio