M514E977KC514MT514

အိုဘုရားသခင်၏မြို့တော်

အဆုံးစွန်ဘုန်းထင်ရှားခြင်း - သန့်ရှင်းသောမြို့တော်

21

Verse 1

အိုဘုရားသခင်၏မြို့တော်

ဇိအုန်မြို့သည် မြတ်လှ၏

ကိန်းဝပ်တော်မူရာ ရွှေမြို့တော်

ဗျာဒိတ်တော်အတိုင်း ဖြစ်သည်

အနန္တကျောက်တော်ပေါ်မှာတည်

မည်သူလှုပ်ရှားနိုင်မည်နည်း

ကယ်တင်ခြင်းမြို့ရိုးနှင့် ဝိုင်းလျက်

ရန်သူကို လျစ်လျူရှုသည်။

Verse 2

ထာဝရမေတ္တာတော်ထဲမှ

သွင်သွင်စီးနေ သက်စမ်းရေ

မြို့တော်သားသမီးတို့ သောက်လျက်

ရောင့်ရဲခြင်းသို့ ရောက်ကြသည်

ထိုသို့သောမြစ်ရေရှိခဲ့သော်

မည်သူအားလျော့နိုင်မည်နည်း

ပြုမူသောဘုရားနှင့်တူလျက်

ကျေးဇူးတော်အဆုံးမရှိ။

Verse 3

မြို့တော်၏ စာရင်းတော်ထဲတွင်

ကျွန်ုပ်အမည် မှတ်သွင်းလျှင်

လောကီသူ ပြက်ရယ်ပြုသော်လည်း

ဝါကြွားခြင်းသာ ရှိပါမည်

အပြစ်ရှိသူ ပျော်မွေ့ခြင်းနှင့်

ဂုဏ်လုပ်ခြင်း ပြယ်ပျောက်ဆဲရှိ

အဖိုးထိုက်မြဲတည် မွေ့လျော်ခြင်း

မြို့တော်သူအပြင် မရှိ။

Hymn details

Key: D Major

Audio