M512E973KC512MT512

ကိုယ်တော်နှင့်တူ သန့်ရှင်းမြို့တော်ပန်းတိုင်

အဆုံးစွန်ဘုန်းထင်ရှားခြင်း - ကျွန်ုပ်၏ပန်းတိုင်

21

Verse 1

ကိုယ်တော်နှင့်တူ သန့်ရှင်းမြို့တော်ပန်းတိုင်

ဤရာသည်ဝေစု ကိုယ်တော်ကိုဝတ်ပြု

ဤနေရာ ခန္ဓာသက်ရှင်နေသော်လည်း

ကျွန်ုပ်ဝိညာဉ်သည် ကိုယ်တော်နှင့်အတူ

ကျွန်ုပ်ဝိညာဉ်သည် ကိုယ်တော်နှင့်အတူ။

Verse 2

ကျွန်ုပ်ပန်းတိုင် ယေရုရှလင်မြို့သစ်

ဘုရားနှင့်လူတွက် သန့်ရှင်းမြို့တော်တည်

ခြေရာတော်လိုက်သော ရွေးနှုတ်ခံများသည်

ဘုရားနှင့်အတူ ဆက်ဆံဝမ်းမြောက်မည်

ဘုရားနှင့်အတူ ဆက်ဆံဝမ်းမြောက်မည်။

Verse 3

အချိန်တိုင်း မြို့တော်ဆီသို့ ငေးကြည့်ကာ

ကိုယ်တော့်မျက်နှာတော်ကို တောင့်တကြရာ

ကိုယ်တော်ထံ ခေါ်သံကို ကျွန်ုပ်တောင့်တ

ကိုယ်တော်နှင့်ထာဝရပေါင်းဆက်ဆံရန်

ကိုယ်တော်နှင့်ထာဝရပေါင်းဆက်ဆံရန်။

Verse 4

ကျွန်ုပ်အလို ချိုမြိန်ငြိမ်သက်မဟုတ်

ကျွန်ုပ်တောင့်တရာ ဝမ်းမြောက်ခြင်းမဟုတ်

ကိုယ်တော်သည်သာ ကျွန်ုပ်၏မျှော်လင့်ရာ

ကိုယ်တော်သည်သာ ကျွန်ုပ်၏ဆုလာဘ်ဖြစ်

ကိုယ်တော်သည်သာ ကျွန်ုပ်၏ ဆုလာဘ်ဖြစ်။

Verse 5

အို ယေရှု ငိုကြွေးသံကို နားညောင်းပါ

ကျွန်ုပ်တို့ကို မြို့တော်သို့ခေါ်မူပါ

ထိုနေရာ၌ ကိုယ်တော်နှင့်တူဆက်ဆံ

ကိုယ်တော်မေတ္တာနှင့်ထာဝရဆက်ဆံ

ကိုယ်တော်မေတ္တာနှင့်ထာဝရဆက်ဆံ။

Verse 6

ကိုယ်တော်မိန့်မှာ "ရာအားလုံးအသစ်ဖြစ်"

ကောင်းကင်နှင့်မြေကြီးသည် အသစ်ပြုပြီ

ကျွန်ုပ်အမွေသည် ဘုရားပင်ဖြစ်ရာ

အို သခင်၊ လျင်မြန်စွာလာချီဆောင်ပါ

အို သခင်၊ လျင်မြန်စွာလာချီဆောင်ပါ။

Hymn details

Key: C Major

Audio