M464E866KC464MT464

ဝိညာဉ်ကို လေ့ကျင့်လျှင်

စည်းဝေးခြင်းများ - ဝိညာဥ်လေ့ကျင့်ခြင်း

21

Verse 1

ဝိညာဉ်ကို လေ့ကျင့်လျှင်

လူများကဲ့ရဲ့ချင်

စည်းဝေးခြင်းဖြင့် တွေ့ကြ

ခန္ဓာသက်ထင်ရှား။

Verse 2

ဝိညာဉ်ကို လေ့ကျင့်လျှင်

ဟောင်းသည့်ရာပျောက်ကွယ်

အချင်းချင်း ဝေငှကြ

ခရစ်တော်ရယူ။

Verse 3

ဝိညာဉ်ကို လေ့ကျင့်လျှင်

ဇာတိရာစွန့်လာ

ချင်းချင်း အစေခံကာ

ကိုယ်တော်အား ကြွေးကြော်။

Verse 4

ဝိညာဉ်ကို လေ့ကျင့်လျှင်

ဇာတိငြင်းပယ်နိုင်

အချင်းချင်းကူညီလို

ကိုယ်တော်အား ကိုးစား။

Verse 5

ဝိညာဉ်လွှတ်ခြင်းအားဖြင့်

မိမိဖြောင့်မတ်ခြင်း

မိမိပြစ်တင်ခြင်းနှင့်

သြတ္တပ္ပစိတ်ကင်း။

Verse 6

ဝိညာဉ်လွှတ်ခြင်းအားဖြင့်

ဝါကြွားခြင်းဆန္ဒ

မိမိကိုသာချစ်ခြင်း

လုံးစုံကို ပယ်နိုင်။

Verse 7

ဝိညာဉ်ကို လေ့ကျင့်လျှင်

အောင်မြင်ခြင်းသို့လှမ်း

သွေးတော်ဖြင့် သန့်ရှင်းစေ

နာမတော် ထင်ရှား။

Verse 8

ဝိညာဉ်ကို လေ့ကျင့်လျှင်

ကိုယ်တော်နှင့်ထိတွေ့

ချိန်တိုင်း ဝိညာဉ်အားဖြင့်

ကိုယ်တော်အား ယူဆောင်။

Verse 9

ဤရာသည် ဝိညာဉ်ဖြင့်

ကိုယ်တော်သက်သေခံ

ဝိညာဉ်သက်ရှင်ခြင်းဖြင့်

လူသည်နှစ်သိမ့်နိုင်။

Verse 10

ဝိညာဉ်ကို လေ့ကျင့်ခြင်း

လိုအပ်လှအမှန်

ဝိညာဉ်ကို လေ့ကျင့်လျှင်

ကိုယ်တော်ဦးဆောင်မည်။

Hymn details

စာသား: Witness Lee

သံစဉ်: Harold Green

Meter: 6.5.6.5.

Key: D Major

Time: 4/4

Audio