M465E867KC465MT465

ခန္ဓာတော်၏အင်္ဂါဝင်

စည်းဝေးခြင်းများ - လှုပ်ရှားလုပ်ဆောင်ခြင်း

21

Verse 1

ခန္ဓာတော်၏အင်္ဂါဝင်

ခရစ်တော်ကို ထင်ရှား

လှုပ်ရှားခြင်းကိုသင်ယူကြ

ကိုယ်တော်ပြည့်ဝ ထင်ရှား

ပွဲကြည့်ပရိသတ်မဟုတ်

အင်္ဂါတိုင်းလှုပ်ရှားကြ

သေခြင်း၊ ပျက်စီးခြင်းကင်းဝေး

ကြီးမားအကျိုးသက်သေ။

Verse 2

ပေါင်းဖွဲ့ခြင်း၌ တည်ကြရာ

လွတ်လပ်လုပ်ဆောင်မပြု

ညှိနှိုင်းဆောင်ရွက်ခြင်း၌ရှိ

အပြန်အလှန်မှီခို

မိမိဖြင့် ရွေးချယ်မပြု

စီးဆင်းခြင်းနောက်သို့လိုက်

စိတ်ရှုပ်သွေဖယ်ခြင်းကင်းရာ

ဝိညာဉ်တော်လမ်းလျှောက်လှမ်း။

Verse 3

ခရစ်တော်ကို ဗဟိုပြု

ခြားရာဗဟိုမပြု

ကိုယ်တော်နှင့်ချိုမြိန်ပေါင်းစည်း

ကြွယ်ဝခြင်းများဆက်ဆံ

ကိုယ်တော်သည် ဦးခေါင်း၊ စစ်မှန်

ခန္ဓာတော်ကို ထင်ရှား

စည်းဝေးခြင်း၌လုပ်ဆောင်ရာ

ကိုယ်တော်သာ ထင်ရှားရာ။

Verse 4

မေတ္တာတော်၌ တည်ဆောက်ကြ

ကဲ့ရဲ့ပြစ်တင်ခြင်းကင်း

အချင်းချင်းစုံလင်စေကြ

အတူတကွလေ့ကျင့်။

လူတိုင်းအတ္တမှကင်းလွတ်

ဇာတိသက်စွန့်ပစ်ကြ

ဝိညာဉ်၌ လေ့ကျင့်ကြရာ

ခန္ဓာတော်ကို ဆက်ဆံ။

Hymn details

စာသား: Witness Lee

သံစဉ်: Samuel Sebastian Wesley

Meter: 7.6.7.6.D.

Key: Eb Major

Time: 4/4

Audio