ဝိညာဉ်နှင့် သမ္မာတရား၌
စည်းဝေးခြင်းများ - ဘုရားသခင်ကို ကိုးကွယ်ခြင်း
Verse 1
ဝိညာဉ်နှင့် သမ္မာတရား၌
ကိုယ်တော်ကို ဝတ်ပြုမည်
သားတော်၏ သွန်သင်ခြင်းဖြစ်၏
ယခု ကိုယ်တော်ထံနီး။
Verse 2
ဘုရားသည် ဝိညာဉ်တော်ဖြစ်မူ
မည်မျှနီးမူ၊ ချစ်ဖွယ်
အသက်၌ ကိုယ်တော့်ကို ဆက်သွယ်
သမ္မာတရား၌တည်။
Verse 3
ဝိညာဉ်ပါလျက် ဘုရားဖန်ဆင်း
ကိုယ်တော့်ကို ကိုးကွယ်ရန်
အပြင်ပိုင်းမှုဆောင်ခြင်းမဟုတ်
အတွင်းမှ ရှာဖွေခြင်း။
Verse 4
သခင်ဘုရားဖြင့် မွေးဖွားခံ
အသိစိတ်သစ်ပြုပြင်
အသက်ဖြစ် အတွင်း၌ကိန်းဝပ်
စစ်မှန်ကိုးကွယ်ထည့်ခံ။
Verse 5
အတွင်းပိုင်း သိမှတ်ခြင်းအရ
ဤနေရာ၌ ကိုးကွယ်
ဝိညာဉ်တော်ဖြင့် ခုဘိသိက်ပေး
ကိုယ်တော်ပြည့်ဝထင်ရှား။
Verse 6
သမ္မာတရား၌ မှုဆောင်ရာ
အရိပ်၌ မရှိတော့
ခရစ်တော်၌ စစ်မှန်ခြင်းဖြစ်
ခမည်းတော်ကို လေးမြတ်။
Verse 7
ကျွန်ုပ်တို့တွေ့ကြုံခရစ်တော်
ဘုရားထံ ပူဇော်ရာ
ဘုရား၏နှစ်သက်ခြင်းခံရ
အလင်း၊ ချိုမြိန်ခြင်းရ။
Verse 8
ဝိညာဉ်နှင့် စစ်မှန်ခြင်း၌တည်
ဤနေရာ၌စည်းဝေး
ကိုးကွယ်၊ ချီးမွမ်း၊ မိတ်သဟာယ
ကရုဏာပလ္လင်၌။
Hymn details
စာသား: Witness Lee
သံစဉ်: Henry Stephen Cutler
Meter: 8.6.8.6.
Key: Ab Major
Time: 4/4
Audio