မြေကြီးပေါ်ရှိသင်းတော်များ
အသင်းတော် - ဒေသန္တရ၌ထင်ရှားခြင်း
Verse 1
မြေကြီးပေါ်ရှိသင်းတော်များ
ခရစ်တော်ခန္ဓာတော်
သူတို့သည် ကိုယ်တော့်သက်သေ
ကိုယ်တော်၏လမ်း ဖြောင့်ဖြူး
မြို့ရွာဒေသအနှံ့ ၌
သူတို့သည် မီးခုံတိုင်
ကိုယ်တော်၏စစ်တပ်ဖြစ်မူ
ကိုယ်တော့်သတို့သမီး။
chorus
သင်းတော်များ၊ သင်းတော်များ
ယနေ့မြေကြီးပေါ်တည်
အလိုတော်အတွက် လှုပ်နိုးပါ
တည်ဆောက်ပါ၊ တည်ဆောက်ပါ
ဆုတောင်းနေ။
Verse 2
အသင်းတော်များ လိုအပ်နေ
ကြီးသည်၊ ငယ်သည်ဖြစ်စေ
များစွာသောဝေစုတို့ကို
ကျွန်ုပ်တို့လိုအပ်နေ
သင်းတော်များ ကျယ်ပြန့်စေပါ
ကျွန်ုပ်တို့ထမ်းရွက်လို
မိတ်သဟာယနှင့် ဆုတောင်း
စိတ်နှလုံးကျယ်စေပါ။
chorus
သင်းတော်များ၊ သင်းတော်များ
ယနေ့မြေကြီးပေါ်တည်
အလိုတော်အတွက် လှုပ်နိုးပါ
တည်ဆောက်ပါ၊ တည်ဆောက်ပါ
ဆုတောင်းနေ။
Verse 3
မျက်စိတော်ခုနစ်လုံးဖြင့်
မြေကြီးပေါ်ကြည့်ရှုနေ
ကျွန်ုပ်တို့ အလိုသိရန်
လောင်ကျွမ်း၊ စစ်ကြောပေးနေ
အကြံတော်-သင်းတော်များစွာ
တစ်ညီတစ်ညွတ်တည်ဆောက်
ဤရွှေရောင်သက်သေခံချက်
ကိုယ်တော့်ကို ထင်ရှားစေ။
chorus
သင်းတော်များ၊ သင်းတော်များ
ယနေ့မြေကြီးပေါ်တည်
အလိုတော်အတွက် လှုပ်နိုးပါ
တည်ဆောက်ပါ၊ တည်ဆောက်ပါ
ဆုတောင်းနေ။
Verse 4
ကျွန်ုပ်တို့၏ ရှင်ဘုရင်
မကြာမီကြွလာမည်
ချိုမြိန်ချီးမွမ်းသံသာယာ
သင်းတော်များတွက် ကြွလာ
အဦးသီးများကို ရိတ်ရန်
ရိတ်သိမ်းချိန် ရောက်မူပါ
ပလ္လင်တော်သို့ ဆောင်ယူပါ
ကိုယ်တော်နှင့်တူစိုးစံ။
chorus
သင်းတော်များ၊ သင်းတော်များ
ယနေ့မြေကြီးပေါ်တည်
အလိုတော်အတွက် လှုပ်နိုးပါ
တည်ဆောက်ပါ၊ တည်ဆောက်ပါ
ဆုတောင်းနေ။
Hymn details
သံစဉ်: Adam Geibel
Meter: 7.6.7.6.D.
Key: F Major
Time: 4/4
Audio