ဘုန်းတော်ပြည့်စုံ စကားဆိုမည်
အသင်းတော် - ဖိလဒေလဖိ
Verse 1
ဘုန်းတော်ပြည့်စုံ စကားဆိုမည်
ဖိလဒေဖိအသင်းတော်
သန့်ရှင်းသောသူဖြစ်ကြောင်းပြောဆို
ဟုတ်မှန်စကား သူပြောကြား
ဒါဝိဒ်၏တံခါးသော့သူ့မှာ
ရှိ၍ နိုင်ငံတော်ဝင်ရန်
မည်သူမျှ မပိတ်ဖွင့်နိုင်ရန်
ကိုယ်တော်ရှင် မိန့်ဆိုခဲ့သည်။
Verse 2
ဟာလေလုယာ၊ ဖိလဒေဖိ
ကိုယ်တော်နှစ်သက်မှု ဆောင်ရာ
အနည်းငယ်သော ခွန်အားဖြင့်သာ
ကိုယ်တော့်စကားစောင့်ထိန်းရာ
မြတ်နာမကို မစွန့်မပယ်
နှိမ့်ချခြင်းဖြင့် စဉ်ဝန်ခံ
မည်သူမျှ မဝင်ထွက်နိုင်သော
တံခါး ကိုယ်တော်ဖွင့်၍ထား။
Verse 3
မေတ္တာပြည့်သော ဖိလဒေဖိ
အလွန်သည်းခံခြင်းပြု၍
စုံစမ်းရာကာလ စောင်မမည်
ပျက်စီးခြင်းအားလုံးထဲမှ
ဒုက္ခများကြောင့် ကိုယ်တော့်မေတ္တာ
သိ၍ ဒူးထောက်ကြကုန်ရာ
စွဲကိုင်ထားပါ သင့်သရဖူ
ငါသည် လျင်မြန်ကြွလာမည်။
Verse 4
ဟာလေလုယာ၊ အောင်မြင်သူများ
ကိုယ်တော်၏ဗိမာန်တော်၌
တိုင်ဖြစ်စေရန် တည်ဆောက်ပေးမည်
မည်သည့်နေရာမရွေ့ရန်
မြတ်နာမတော်ရေးထိုးသူ့ပေါ်
ကိုယ်တော်၏သစ်သောနာမ
သုံးပါးတစ်ပါးနှင့် ပေါင်းစည်းကာ
ကိုယ်တော်၏မြို့တော်ဖြစ်ရာ။
Verse 5
ဟာလေလုယာ၊ ကောင်းကင်ဘုံမှ
မြို့ယေရုရှလင်ဆင်းလာ
ပုလဲတံခါး၊ မဟူနံရံ
ပေါင်းစည်းထားပေး၊ ကျောက်မြတ်တွေ
ဖိလဒေဖိ၊ ဖိလဒေဖိ
ကိုယ်တော်ချစ်သတို့သမီး
သင်းတော်များ-ဝိညာဉ်တော်ပြောကြား
နားရှိသောသူ ကြားပါစေ။
Hymn details
သံစဉ်: Franz Joseph Haydn
Meter: 8.7.8.7.D
Key: Eb Major
Time: 4/4
Audio