M456E1259KC456MT456

ဒေသန္တရသင်းတော်များ

အသင်းတော် - ဒေသန္တရ၌ထင်ရှားခြင်း

21

Verse 1

ဒေသန္တရသင်းတော်များ

မှောက်မိုက်မြေကြီးပေါ်

ယေရှုသက်သေခံချက်

အလင်းကို ထွန်းလင်း

ကိုယ်တော်၏သဏ္ဌာန်ဆောင်

ဝိညာဉ်တော်ပုံသွင်း

ရွှေသဘောသဘာဝ

တစ်လုံးတစ်ဝရှိ။

chorus

ဒေသန္တရသင်းတော်များ

မှောက်မိုက်မြေကြီးပေါ်

ဝိညာဉ်တော်၌တောက်လောင်

ခရစ်တော်ထွန်းလင်း။

Verse 2

ခရစ်တော်၌ ဘုရား

မီးခုံတိုင်ဖြစ်ထင်

ဝိညာဉ်တော်ဖြစ်လာရာ

စစ်မှန်ခြင်းရှိလာ

မီးခုံတိုင်ဝိညာဉ်တော်

တိုးပွားခြင်းရှိပြီ

ဒေသန္တရသင်းတော်များ

ယခုသိမြင်ပြီ။

chorus

ဒေသန္တရသင်းတော်များ

မှောက်မိုက်မြေကြီးပေါ်

ဝိညာဉ်တော်၌တောက်လောင်

ခရစ်တော်ထွန်းလင်း။

Verse 3

ဒေသန္တရသင်းတော်များ

လူသားဂရုစိုက်

များစွာသောရေအသံ

ကြယ်များလက်ျာတော်

မီးလျှံမျက်စိတော်သည်

နေကဲ့သို့ ထွန်းလင်း

သင်းတော်များ ဘေးမကြောက်

သက်ရှင်ကိုယ်တော်ရှိ။

chorus

ဒေသန္တရသင်းတော်များ

မှောက်မိုက်မြေကြီးပေါ်

ဝိညာဉ်တော်၌တောက်လောင်

ခရစ်တော်ထွန်းလင်း။

Verse 4

မီးခုံတိုင်များမငြိမ်း

မည်သူတုပြိုင်နိုင်

ဆန့်ကျင်မှုပိုများလေ

တိုးပွားခြင်းရှိလေ

မှောင်မိုက်ဝန်းရံထားလည်း

ထွန်းလင်းခြင်းတိုးပွား

ဘုရားသက်ဖြင့် သူတို့

ထုံးဖွဲ့ပေါင်းစည်းထား။

chorus

ဒေသန္တရသင်းတော်များ

မှောက်မိုက်မြေကြီးပေါ်

ဝိညာဉ်တော်၌တောက်လောင်

ခရစ်တော်ထွန်းလင်း။

Verse 5

ဒေသန္တရသင်းတော်များ

သတို့သမီးဖြစ်

ယေရုရှလင်မြို့သစ်

သူတို့ဖြစ်လာရာ

မီးခုံတိုင်များအားလုံး

တစ်တိုင်တည်းဖြစ်လာ

သုံးပါးတစ်ပါးဘုရား

စကြဝဠာထင်။

chorus

ကောင်းကင်မှ ကိုယ်တော်ကြွ

မြေတစ်ပြင်လုံးမြင်

ဘုရားပြည့်စုံထင်ရှား

ထာဝရကာလ။

Hymn details

သံစဉ်: Arthur Seymour Sullivan

Meter: 6.5.6.5. with chorus.

Key: Eb Major

Time: 4/4

Audio