ဒါဝိဒ်မည်သို့ကျိန်ဆို
အသင်းတော် - အသင်းတော်အတွက် ဆက်ကပ်အပ်နှံခြင်း
Verse 1
ဒါဝိဒ်မည်သို့ကျိန်ဆို
"ငါ့အိမ်ထဲ ငါမဝင်
အိပ်ရာထဲ ငါမဝင်
ငါ့မျက်စိနိုးကြားစေပါ
ကိုယ်တော်ဖို့ နေရာတွေ့သည်တိုင်
သခင်အတွက် နေရာ"
ဘုရားအိမ်တော် လိုအပ်လျက်ရှိ
ထိုနေရာ ကိုယ်တော်ကိန်း။
Verse 2
မည်မျှမျက်စိကန်းနေ
မိမိဖို့သာ စဉ်းစားကြ
ဘုရားအိမ် ပျက်စီးနေ
ကျွန်ုပ်တို့ကို ချိုးဖဲ့ပါ
တောင်ပေါ်သို့ ကျွန်ုပ်တို့တက်
သစ်သားယူအိမ်တော်ဆောက်
"နောက်နေ့"ဟူ၍ စကားမဆို
လာကြတည်ဆောက်ချိန်တန်။
Verse 3
ယနေ့ကို ဆန့်ကျင်ကာ
အိမ်တော်တွက် လှုံ့ဆော်မူပါ
ဒါဝိဒ်နေ့ရက်ကဲ့သို့
အလိုဆန္ဒရှိသူများ
အိမ်တော်၌ အမှုကိုဆောင်
အို မည်မျှကောင်းကြီးဖြစ်
ကိုယ်တော်အလို၊ ကျွန်ုပ်အလို
အိမ်တော် ကျွန်ုပ်တို့ဆောက်။
Verse 4
ခေါ်ခြင်းခံသူများ၌
တည်ဆောက်ခြင်းတွက် မရပ်နား
အလေးထားစေမူပါ
ယနေ့သည် ပြင်ဆင်ချိန်မှန်
အသင်းတော်တည်ဆောက်ခြင်းကို
ငရဲတံခါးမနိုင်
တည်ဆောက်သူနှင့်အချိန် နည်းပါး
ကျွန်ုပ်၌ တည်ဆောက်ပါ။
Hymn details
စာသား: T. R.
သံစဉ်: K. K.
Meter: Peculiar Meter
Key: Eb Major
Time: 4/4
Audio