M452E1246KC452MT452

သင်းတော်များနောက်သို့ ကျွန်ုပ်တို့လိုက်ပြီ

အသင်းတော် - နောက်လိုက်ခြင်း

21

Verse 1

သင်းတော်များနောက်သို့ ကျွန်ုပ်တို့လိုက်ပြီ

တစ်လုံးတစ်ဝတည်းရှိ

သင်းတော်များအားလုံး ကိုယ်တော်နောက်တော်လိုက်

တစ်လုံးတစ်ဝစောင့်ထိန်း။

chorus

ဝိညာဉ်တော်နောက်သို့ လိုက်ရာ

ဖြူစင်ရိုးသားခြင်းဖြင့်လိုက်

ကျွန်ုပ်ဝိညာဉ်ရှိယေရှု

စုံလင်စွာ လိုက်ခဲ့ပြီ။

Verse 2

နောက်လိုက်များနောက်သို့ ကျွန်ုပ်တို့လိုက်ပြီ

ဤရာစစ်မှန်သင်ယူ

ခေါင်းဆောင်များဖြစ်ရန် အလိုမရှိဘဲ

ဝိညာဉ်တော်သို့ လှည့်ပြန်။

chorus

ဝိညာဉ်တော်နောက်သို့ လိုက်ရာ

ဖြူစင်ရိုးသားခြင်းဖြင့်လိုက်

ကျွန်ုပ်ဝိညာဉ်ရှိယေရှု

စုံလင်စွာ လိုက်ခဲ့ပြီ။

Verse 3

သိုးစု၏နောက်သို့ ကျွန်ုပ်တို့လိုက်ပြီ

သိုးထိန်းကြည့်ရှုသိမှတ်

ခုသင်းတော်များ၌ ယေရှုဦးဆောင်နေ

ကိုယ်တော်စကားပြောနေ။

chorus

ဝိညာဉ်တော်နောက်သို့ လိုက်ရာ

ဖြူစင်ရိုးသားခြင်းဖြင့်လိုက်

ကျွန်ုပ်ဝိညာဉ်ရှိယေရှု

စုံလင်စွာ လိုက်ခဲ့ပြီ။

Verse 4

အိုသခင်ယေရှု၊ ကိုယ်တော်ထံ ဆက်ကပ်

လှည့်ပြန်သွားခြင်းမရှိ

သိုးငယ်သွားလေရာ ကျွန်ုပ်တို့လိုက်ကြ

မည်ရာကြုံစေလိုက်လေ။

chorus

ဝိညာဉ်တော်နောက်သို့ လိုက်ရာ

ဖြူစင်ရိုးသားခြင်းဖြင့်လိုက်

ကျွန်ုပ်ဝိညာဉ်ရှိယေရှု

စုံလင်စွာ လိုက်ခဲ့ပြီ။

Verse 5

နိုင်ငံတော်ဝင်ရန် ကျွန်ုပ်တို့ဆက်ကပ်

ကိုယ်တော်နှင့်ထိမ်းမြားပွဲ

ညှဉ်းပန်းခြင်း၊ ဒုက္ခ၊ ဘေးဒဏ်ကျရောက်လည်း

နိုင်ငံတော်ထဲဝင်မည်။

chorus

ဝိညာဉ်တော်နောက်သို့ လိုက်ရာ

ဖြူစင်ရိုးသားခြင်းဖြင့်လိုက်

ကျွန်ုပ်ဝိညာဉ်ရှိယေရှု

စုံလင်စွာ လိုက်ခဲ့ပြီ။

Verse 6

ဘုရားအလိုတော် နောက်လိုက်များရရန်

ကိုယ်တော်၏နောက်သို့လိုက်

"အကြံတော်ကိုမြင်၊ ငါ့နောက်သို့လိုက်ပြီ"

မိန့်တော်မူခြင်းခံလေ။

chorus

ဝိညာဉ်တော်နောက်သို့ လိုက်ရာ

ဖြူစင်ရိုးသားခြင်းဖြင့်လိုက်

ကျွန်ုပ်ဝိညာဉ်ရှိယေရှု

စုံလင်စွာ လိုက်ခဲ့ပြီ။

Hymn details

Meter: 10.6.10.6. with chorus.

Key: Ab Major

Time: 4/4

Audio