M454E1252KC454MT454

ဗာဗုလုန်မြို့သို့ ဖမ်းဆီးခြင်းခံလည်း

အသင်းတော် - သခင်ဘုရား၏ ပြန်လည်ရယူခြင်း

21

Verse 1

ဗာဗုလုန်မြို့သို့ ဖမ်းဆီးခြင်းခံလည်း

ကျွန်ုပ်ဝိညာဉ် ကိုယ်တော်နိုးကြားစေ

ပေါင်းစည်းခြင်းကင်းမဲ့ ကွဲပြားလွင့်ပါးလည်း

ကျွန်ုပ်ဝိညာဉ် ကိုယ်တော်နိုးကြားစေ။

chorus

နိုးစေ၊ နိုးစေ

ကျွန်ုပ်ဝိညာဉ် ကိုယ်တော်နိုးကြားစေ။

Verse 2

ဗာဗုလုန်ကဲ့သို့ ဂိုဏ်းဂဏများနေ

ကွဲပြားခြင်းများမှ ထွက်ကာရပ်တည်

စစ်မှန်သောနေရာ ဗာဗုလုန်မဟုတ်

ကွဲပြားခြင်းများမှ ထွက်ကာရပ်တည်။

chorus

ရပ်တည်၊ ရပ်တည်

ကွဲပြားခြင်းများမှ ထွက်ကာရပ်တည်။

Verse 3

ဖမ်းဆီးခံရာမှ ယေရုရှလင်သို့

ဘုရားနှင့်အတူ အားလုံးသွားစို့

တုနှိုင်းရာမရှိ စစ်မှန်နေရာသို့

ဘုရားနှင့်အတူ အားလုံးသွားစို့။

chorus

သွားစို့၊ သွားစို့

ဘုရားနှင့်အတူ အားလုံးသွားစို့။

Verse 4

ခရစ်တော်ပြည့်လျှံ ဝိညာဉ်တော်ခွက်ပြည့်

အသုံးခံရာများ ကိုယ်တော်ယူဆောင်

ကိုယ်တော့်အလိုတော် အသင်းတော်ဖြစ်စေ

အသုံးခံရာများ ကိုယ်တော်ယူဆောင်။

chorus

ယူဆောင်၊ ယူဆောင်

အသုံးခံရာများ ကိုယ်တော်ယူဆောင်။

Verse 5

ယေရုရှလင်၌ ရွေးချယ်ခံသူများ

ယခု ဘုရား၏ဗိမာန်တည်ဆောက်

သန့်ရှင်းသူအားလုံး အစေခံဝေငှ

ယခု ဘုရား၏ဗိမာန်တည်ဆောက်။

chorus

တည်ဆောက်၊ တည်ဆောက်

ယခု ဘုရား၏ဗိမာန်တည်ဆောက်။

Hymn details

သံစဉ်: Anthony Johnson Showalter

Meter: 10.9.10.9. with chorus.

Key: G Major

Time: 4/4

Audio