M451E1238KC451MT451

ဤနေရာကို တွေ့ရှိရန်

အသင်းတော် - ကျွန်ုပ်တို့၏အိမ်နှင့်နားခိုခြင်း

21

Verse 1

ဤနေရာကို တွေ့ရှိရန်

အိမ်မက်ပင် မမက်ခဲ့ပါ

ဝမ်းနည်းမျက်ရည်စဲနေရာ

ဝမ်းမြောက်သီချင်းအဆုံးမဲ့

ထာဝရချီးမွမ်းနေရာ

ချီးမွမ်းခြင်းကို နှစ်သက်လှ

သန့်ရှင်းသူများနှင့်ချီးမွမ်း

အဆုံးမဲ့ပဲ့တင်သံညံ။

Verse 2

လောကသည် နေ့စဉ်သွားနေ

ယခင်အတိုင်း သွားမြဲသွား

သက်ရှည်ခြင်းကို လူတိုင်းရှာ

သက်ရှင်ခြင်းကို ပိုသိလို

ကျွန်ုပ်လည်း ထိုသို့ဖြစ်ခဲ့

ကရုဏာတော်ရှာတွေ့ခဲ့

ကြီးမားစကား ကျွန်ုပ်ဆို

"ဘုရားမိသားစု၌ရှိ"။

Verse 3

ဤသို့သိရ ကျေနပ်လှ

အတွင်းကျ၊ စစ်မှန်၊ ချိုမြိန်

ဤကျေးဇူးတော်ဝမ်းမြောက်ခြင်း

စည်းဝေးခြင်း၌တွေ့ကြုံရ

ကြွယ်ဝအသက် ယေရှုပေး

စစ်မှန်ခြင်းပြည့်ဝစုံလင်

သခင့်ကို ချီးမွမ်းပါမည်

အိမ်တော်သား ကျွန်ုပ်ဖြစ်ရ။

Verse 4

ဤခေတ်ကာလကုန်ဆုံးချိန်

နိုင်ငံတော်အာရုဏ်တက်လာ

ကိုယ်တော်ကိန်းရာအိမ်တော်တွက်

လူအပေါင်းကို ရယူပါ

ကျွန်ုပ်တွက် သက်တော်စွန့်ခဲ့

ကိုယ်တော်တွက် ခပ်သိမ်းပေးအပ်

သင်းတော်တွက် ခပ်သိမ်းပေးအပ်

ကိုယ်တော်ကျေနပ်မည်အမှန်။

Hymn details

စာသား: N. N.

သံစဉ်: James McGranahan

Meter: 7.7.7.7.D.

Key: C Major

Time: 3/4

Audio