စိမ်းလန်းဥယျာဉ်သင်းတော်သက်တာသို့ ပို့ဆောင်ပြီချီးမွမ်းမည်
အသင်းတော် - ကျွန်ုပ်တို့၏အိမ်နှင့်နားခိုခြင်း
Verse 1
စိမ်းလန်းဥယျာဉ်သင်းတော်သက်တာသို့ ပို့ဆောင်ပြီချီးမွမ်းမည်
ခရစ်တော်ကို တွေ့ကြုံခံစားကြီးထွားရန်
ကိုယ်တော်ကြွယ်ဝခြင်း ဝမ်းမြောက်မှု သန့်ရှင်းသူများကိုပေးပြီ
ကိုယ်တော်သည် လန်းဆန်းသစ်လွင် ချစ်ဘွယ်အရှင်။
chorus
ချစ်ဘွယ်ဤနေရာ ကျွန်ုပ်ဝမ်းမြောက်
ကျေးဇူးတော်ဖြင့် ဥယျာဉ်၌ကြီးထွား
အသက်ပင်စားသုံးခြင်းထက် ကောင်းသောဝမ်းမြောက်ရာမရှိ
အသက်ရေကို ကျွန်ုပ်သောက်သုံးမည်အစဉ်။
Verse 2
ဤဥယျာဉ်သည် ကျောင်း၊ စက်ရုံနှင့် ဘုရားကျောင်းကဲ့သို့မဟုတ်
ကိုယ်တော်မျိုးကြဲစိုက်ပျိုးထားရာ ဥယျာဉ်မှန်
ကိုယ်တော့်ဥယျာဉ်လှပဖို့ ကျွန်ုပ်တို့ကို ပေါင်းစည်းထားပေး
ပြန်လည်ရိတ်သိမ်းရန် ကျွန်ုပ်ကို ကြီးထွားစေ။
chorus
ချစ်ဘွယ်ဤနေရာ ကျွန်ုပ်ဝမ်းမြောက်
ကျေးဇူးတော်ဖြင့် ဥယျာဉ်၌ကြီးထွား
အသက်ပင်စားသုံးခြင်းထက် ကောင်းသောဝမ်းမြောက်ရာမရှိ
အသက်ရေကို ကျွန်ုပ်သောက်သုံးမည်အစဉ်။
Verse 3
အသင်းတော်သည် ဥယျာဉ်သက်တာ အသီးကို ထုတ်လုပ်ပေးနေ
ပြည့်စုံသက်တာ စားသုံးကာ အကျိုးကြီးစွ
မာကျောခြင်းကင်းတွေးခေါ်ဟောင်းများစွန့်ကာ အသက်ပင်စားပါ
ယေရှုကိုအချိန်တိုင်းယူဆောင် ချိုသာလှ။
chorus
ချစ်ဘွယ်ဤနေရာ ကျွန်ုပ်ဝမ်းမြောက်
ကျေးဇူးတော်ဖြင့် ဥယျာဉ်၌ကြီးထွား
အသက်ပင်စားသုံးခြင်းထက် ကောင်းသောဝမ်းမြောက်ရာမရှိ
အသက်ရေကို ကျွန်ုပ်သောက်သုံးမည်အစဉ်။
Verse 4
ဘုရားသည် အသက်ပင်၊ အသက်ရေ ခရစ်တော်၌စီးဆင်း
ခြောက်သွေ့ခြင်းနှင့် ရန်ဘက်ပြုခြင်းများကင်းစေ
ဟာလေလုယာ ထိုဥယျာဉ်၌ ကျွန်ုပ်တွက်ယေရှုစီးဆင်း
သက်တာကြီးထွားဘို့ရန် ပြည့်ဝစွာထောက်မ။
chorus
ချစ်ဘွယ်ဤနေရာ ကျွန်ုပ်ဝမ်းမြောက်
ကျေးဇူးတော်ဖြင့် ဥယျာဉ်၌ကြီးထွား
အသက်ပင်စားသုံးခြင်းထက် ကောင်းသောဝမ်းမြောက်ရာမရှိ
အသက်ရေကို ကျွန်ုပ်သောက်သုံးမည်အစဉ်။
Verse 5
ကိုယ်တော်ဆောင်ယူခြင်းကို ကျေးဇူးတင် ကျေနပ်နှစ်သိမ့်ရဲ့လား
ကိုယ်တော့်ချမ်းသာကြွယ်ဝ အခမဲ့စီးဆင်း
ကျွန်ုပ်ဝိညာဉ်၌ ကိုယ်တော်ကျွေးမွေး လွန်စွာဝမ်းမြောက်ဝမ်းသာ
ဘုရားဥယျာဥ်ကြွယ်ဝစွာ အသီးသီးပြီ။
chorus
ချစ်ဘွယ်ဤနေရာ ကျွန်ုပ်ဝမ်းမြောက်
ကျေးဇူးတော်ဖြင့် ဥယျာဉ်၌ကြီးထွား
အသက်ပင်စားသုံးခြင်းထက် ကောင်းသောဝမ်းမြောက်ရာမရှိ
အသက်ရေကို ကျွန်ုပ်သောက်သုံးမည်အစဉ်။
Hymn details
စာသား: L. T.
Meter: 15.11.15.11. with chorus.
Key: G Major
Time: 4/4
Audio