ခရစ်တော်၏အသင်းတော်ဘုန်းထင် ကျွန်ုပ်တို့သင်းဝင်ပြီ
အသင်းတော် - ခရစ်တော်၏ကိုယ်ခန္ဓာတော်
Verse 1
ခရစ်တော်၏အသင်းတော်ဘုန်းထင် ကျွန်ုပ်တို့သင်းဝင်ပြီ
တစ်လုံးတစ်ဝဖြစ်စေ၍ ကျွန်ုပ်ဝမ်းမြောက်
စကြဝဠာ၌ သင်းတော်တစ်ပါးတည်း ကျွန်ုပ်တို့ပိုင်ဆိုင်
ဟာလေလုယ တစ်လုံးတစ်ဝတည်းဖြစ်စေ။
chorus
ဟာလေလုယာ၊ ခန္ဓာတော်တည်
ကျွန်ုပ်တို့ခန္ဓာတော်စုဝင်
ကျွန်ုပ်တို့ ခန္ဓာတော်တွက်ဖြစ်
ဟာလေလုယာ၊ တစ်လုံးတစ်ဝတည်းဖြစ်ပြီ။
Verse 2
သီးခြားခရစ်ယာန်သက်တာမဟုတ် ထာဝရစုပေါင်းတည်
ယခု ဘုရားကို ပြည့်ဝထင်ရှားစေပြီ
သီးခြားရှိသော သင်းတော်များမဟုတ် စုပေါင်းခန္ဓာတော်ဖြစ်
ဟာလေလုယာ၊ ခန္ဓာတော်၌ ကျွန်ုပ်ရှိ။
chorus
ဟာလေလုယာ၊ ခန္ဓာတော်တည်
ခန္ဓာတော်ကို စာတန်ကြောက်ရွံ့
ခန္ဓာတော်၌ ကျွန်ုပ်အောင်မြင်
ဟာလေလုယာ၊ ခန္ဓာတော်၌ ကျွန်ုပ်ရှိ။
Verse 3
ဘုရားဇာတိပြည့်ဝသော ဆီမီးခုံတိုင်ခုနစ်ခုတည်
ခြားရာမဟုတ် ခန္ဓာတော်အသက်ဖြစ်သည်
ဘုရားဇာတိဝေငှကြသောခါ ဆီမီးတိုင်ထွန်းတောက်မည်
ဟာလေလုယာ၊ ယခုတောက်ပစွာထွန်းလင်း။
chorus
ဟာလေလုယာ၊ ခန္ဓာတော်တည်
ခန္ဓာတော်၏ ဆီမီးခုံတိုင်
ရွှေရောင်ထွန်းတောက်သော ခန္ဓာတော်
ဟာလေလုယာ၊ ယခုထွန်းလင်းတောက်ပနေ။
Verse 4
တစ်လုံးတစ်ဝထင်ရှားခြင်းသည် မည်မျှထွန်းလင်းတောက်ပမည်
ဟာလေလုယာ၊ ယေရှုကိုစားသောက်မှန်ကန်
ကိုယ်တော်သည် အသက်ပင်၊ မန္နမုန့်နှင့် ပွဲတော်မြဲသစ်လွင်
ဟာလေလုယာ၊ ကိုယ်တော်ကို နေ့စဉ်စားသောက်။
chorus
ကျွန်ုပ်တို့ ယေရှုကိုစားသောက်
ဘုရားသက် ကျွန်ုပ်တို့ရရှိ
ယေရှုကိုစားသောက် ဘုန်းထင်ရှား
ဟာလေလုယာ၊ ယေရှုကိုစားသောက်မှန်ကန်။
Hymn details
သံစဉ်: James Milton Black
Meter: 15.11.15.11. with chorus.
Key: G Major
Time: 4/4
Audio